ပေါ်တူဂီနှင့်ပွဲတွင် ချန်ပီယံခြေစွမ်းပြခဲ့သည့် ဂျာမနီအသင်းမှာ ဂါနာအသင်းနှင့် အုပ်စုဒုတိယပွဲတွင်မူ သရေတစ်မှတ်ရရှိအောင် အသည်းအသန်ရုန်းကန်ခဲ့ရ
သည်။ အဆာမိုဂျန်၊ အန်ဒရေအယူး၊ အတ်ဆုတို့၏တိုးအားက ဂျာမနီအသင်းကို အခက်တွေ့စေခဲ့ပြီး ခံစစ်ပိုင်းကလည်း ယနေ့ပွဲတွင်အမှားများခဲ့သည်။ ဂျာမနီအ သင်းအတွက် (၅၁)မိနစ်တွင် ဂေါ့ဇီနှင့် (၇၁)မိနစ်တွင် ကလိုဆေးတို့က သွင်းယူ
ခဲ့ပြီး ဂါနာအသင်းမှ အန်ဒရေအယူးက (၅၄)မိနစ်နှင့် အဆာမိုဂျန်(၆၃)မိနစ်တို့ တွင် အသီးသီးသွင်းယူခဲ့ကြသည်။
ပွဲရလဒ်
ဂျာမနီ ၂-၂ ဂါနာ
ဂါနာအသင်း၏ဒုတိယဂိုးကို အဆာမိုဂျန်သွင်းယူနေစဉ်(Photo:AFP)
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment