0

အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်း၏နာမည်ကြီးဂိုးသမား ဟုတ်ဆိုလို သည် သောကြာနေ့ကပြုလုပ်ခဲ့သည့် မိသားစုပါတီပွဲတွင် ညီမနှင့်တူဖြစ်သူတို့ အား တိုက်ခိုက်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းသိရသည်။ ယင်းပါတီပွဲမှာ ဟုတ်ဆိုလို၏နေအိမ်တွင် ကျင်းပခဲ့ပြီး သူမ၏တိုက်ခိုက်မှုကြောင့် ညီမနှင့် တူဖြစ်သူတို့မှာ ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောကြား ခဲ့သည်။ ဟုတ်ဆိုလိုသည် စစ်ဆေးကြားနာမည့် တနင်္လာနေ့သည့်တိုင်အောင် အာမခံရရှိမည်မဟုတ်ဘဲ ထိန်းသိမ်းခံထားရမည်ဖြစ်ကြောင်း သိရသည်။

ဟုတ်ဆိုလို (Photo:Funnyjunk.com)

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top