ဂျာမနီဝါရင့်တိုက်စစ်မှူး ကလိုဆေးသည် ဂါနာအသင်းနှင့်ကစားခဲ့သည့်ပွဲတွင်
အသင်းအတွက် အရေးပါသည့်ချေပဂိုးကိုသွင်းယူပေးခဲ့ကာ ဘရာဇီးလ်တိုက်စစ် မှူးဟောင်း ရော်နယ်လ်ဒိုတင်ရှိထားသည့် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်ကို အမီလိုက်နိုင်ခဲ့သည်။ ကလိုဆေးမှာ လူစားဝင်လာပြီး နှစ်မိနစ်အကြာမှာပင် ထောင့်ကန်ဘောကတစ်ဆင့်ပိတ်သွင်းယူခဲ့ခြင်းဖြစ်ပြီး
ပွဲပြီးခါနီးတွင် (၁၈)ကိုက်စည်းထိပ်က အပိုင်ကန်ခွင့်ရသော်လည်း ဘေးထွက်သွားခဲ့သောကြောင့်သာ စံချိန်သစ်နှင့်လွဲချော်ခဲ့ရခြင်းဖြစ်သည်။
ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးစာရင်း
အမည် --- သွင်းဂိုးပေါင်း --- ကစားသည့်ပွဲ
ရော်နယ်လ်ဒို(ဘရာဇီးလ်) --- ၁၅ --- ၁၉
ကလိုဆေး(ဂျာမနီ) --- ၁၅ --- ၂၀
ဂတ်မူလာ(ဂျာမနီ) --- ၁၄ --- ၁၃
ဂျက်ဖောင်တိန်(ပြင်သစ်) --- ၁၃ --- ၆
ပီလီ(ဘရာဇီးလ်) --- ၁၂ --- ၁၄
ဂိုးသွင်းအပြီးအောင်ပွဲခံနေသည့် ကလိုဆေး(Photo:AFP)
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment