ကမ္ဘာ့ဖလား အုပ်စု(F)ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ရာ ဘော့စနီးယားအသင်းသည် နိုက်ဂျီးရီးယားကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှထွက်ခဲ့ရသည်။
အုပ်စု(၂)ပွဲကစားပြီးချိန်တွင် အာဂျင်တီးနားက (၆)မှတ်၊ နိုက်ဂျီးရီးယားက (၄)မှတ်၊ အီရန်အသင်းက (၁)မှတ်ရရှိထားပြီး ဘော့စနီးယားက အမှတ်မရသေးရာ အုပ်စုနောက်ဆုံးပွဲမကစားမီပင် အုပ်စုအဆင့်မှထွက်ခဲ့ရခြင်းဖြစ်သည်။
ဘော့စနီးယားနှင့်နိုက်ဂျီးယားတို့ ဂိုးပေါက်သို့ကန်သွင်းခွင့် အပြန်အလှန်ရရှိခဲ့ပြီး ဘော့စနီးယားအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူနိုင်ခဲ့သည်။ ဘော့စနီးယားတိုက်စစ်မှူး ဇီကို တစ်ဂိုးသွင်းယူခဲ့သေးသော်လည်း လူကျွံဘောသတ်မှတ်ခံရသဖြင့် နစ်နာခဲ့ရသည်။ နိုက်ဂျီးရီးယားအသင်း၏ တစ်လုံးတည်းသောအနိုင်ဂိုးကို အိုဒမ်ဝင်ဂီက ပွဲချိန်(၂၉)မိနစ်တွင်သွင်းယူခဲ့သည်။
ပွဲရလဒ်
နိုက်ဂျီးရီးယား ၁-၀ ဘော့စနီးယား
နိုက်ဂျီးရီးယားအသင်းဖော်များနှင့် အောင်ပွဲခံနေသည့် အိုဒမ်ဝင်ဂီ(Photo:AFP)
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment