0
ဘုန်းလျှံမင်း
မန္တလေး ဇွန် ၂၃

တယ်လီနော(မြန်မာ) ဆက် သွယ်ရေးကုမ္ပဏီသည် ယခုနှစ် နှစ်ကုန်ပိုင်းတွင် ဆက်သွယ်ရေး တာဝါတိုင် ၂၄ဝဝ တည်ဆောက် ပြီးစီးရန် ခန့်မှန်းထားကြောင်း တယ်လီနော(မြန်မာ)ဆက်သွယ်ရေး ကုမ္ပဏီမှ သိရသည်။
ပြည်တွင်း၌ ဆက်သွယ်ရေး တာဝါတိုင်များ ဆက်တိုက်ဆောက် လုပ်လျက်ရှိပြီး စက်တင်ဘာလ တွင် တာဝါတိုင် ၈ဝဝနှင့် ၁ဝဝဝ ကြား ပြီးစီးမည်ဖြစ်ကြောင်း တယ် လီနော(မြန်မာ)မှ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးကပြောသည်။
''ရန်ကုန်၊ မန္တလေး၊ နေပြည် တော်အတွင်းက ဆက်စပ်တဲ့နေရာ တွေမှာ ဆက်သွယ်ရေးတာဝါတိုင် တွေ ဆက်တိုက်ဆောက်လုပ်နေပါ တယ်။ စက်တင်ဘာလမှာ တာဝါ တိုင် ၈ဝဝ နဲ့ ၁ဝဝဝ ကြားပြီးမယ် လို့အတည်ပြုထားတယ်။ ဒီနှစ် ကုန်မှာတော့ တစ်နိုင်ငံလုံးအတိုင်း အတာအရ တာဝါတိုင် ၂၄ဝဝအပြီး တည်ဆောက်သွားမှာပါ''ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

တယ်လီနောဆက်သွယ်ရေး ကုမ္ပဏီ၏ မိုဘိုင်းလ်ဖုန်းဆက်သွယ် ရေးတာဝါတိုင်များတည်ဆောက် ရာတွင် Ayeyarwady Green Technology(AGT) နှင့် APO- LLO ကုမ္ပဏီများက တာဝန်ယူ တည်ဆောက်ပေးခြင်းဖြစ်ပြီးဆက် သွယ်ရေးတာဝါတိုင်၏လုံခြုံရေး၊ လျှပ်စစ်နှင့် မြေငှားရမ်းမှုများကို အဆိုပါကုမ္ပဏီနှစ်ခုနှင့်အခြားဆက် စပ်ကုမ္ပဏီများက တာဝန်ယူထား ခြင်းဖြစ်သည်။

''တာဝါတိုင် ၁ဝဝဝ တည် ဆောက်ပြီးသွားရင် တစ်လကို တာဝါတိုင် ၃ဝဝ ကနေ ၄ဝဝအထိ ဆောက်သွားမယ်။ ဆက်သွယ်မှု စနစ်ကောင်းမွန်အောင်ရယ် SMS ပို့တဲ့အခါမှာ မြန်ဆန်အောင်ဆောင် ရွက်ခြင်းဖြစ်ပါတယ်။ လက်ရှိမှာ တော့ 2G Network နဲ့ 3G Network ကို ဝန်ဆောင်မှုပေးထားမှာ ပါ။ ဆက်သွယ်ရေးတာဝါတိုင် တွေက 4G Network ကို အလွယ် တကူ Upload လုပ်နိုင်ပါတယ်'' ဟု တယ်လီနောမှတာဝန်ရှိသူတစ် ဦးက ရှင်းပြသည်။

မိုဘိုင်းမ်ဆင်းကတ်များကိုစက် တင်ဘာလတွင် မြန်မာကျပ်ငွေ ၁၅ဝဝ ဖြင့် လိုအပ်မှုရှိသလိုချပေး နိုင်ရန် ဆင်းမ်ကတ် ၁ဝသန်းဝယ် ယူထားကြောင်း ၄င်းကဆက်ပြော သည်။ လက်ရှိအချိန်တွင် တယ်လီ နောက တာဝါတိုင်စိုက်ထူရာ မြေ နေရာများတွင် မြေပိုင်ရှင်များနှင့် ၁၅နှစ်သက်တမ်း စာချုပ်ချုပ်ဆို လျက်ရှိကြောင်း မြေပိုင်ရှင်များထံ မှသိရသည်။

Aye Chan Mon Credit To: The Union Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top