0

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ ဟုရှန်းကျေးရွာတွင် စိန်အဆိပ် လေထုညစ်ညမ်းမှုကြောင့် ဒေသခံ ရာပေါင်းများစွာမှာ ကင်ဆာရောဂါ ဖြစ်ပွားမှု ခံစား နေရကြောင်း သိရသည်။

အသက် ၇၁ နှစ်အရွယ်ရှိ အငြိမ်းစား စက်မှုကျွမ်းကျင် ပညာရှင် ရှောင်ဒဲမင်နှင့် သူ၏ဇနီး ဝမ်ဂျီနီတို့သည် နှစ်ဦးစလုံး ကင်ဆာ ဝေဒနာကို ခံစားနေရပြီး ထိုကဲ့သို့ ကင်ဆာ ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းမှာ ပတ္တမြားတူးဖော်ရေး သတ္တုတွင်းမှ ထွက်ပေါ်လာသော စိန်အဆိပ် လေထု ညစ်ညမ်းမှု ကြောင့်ဖြစ်ကြောင်း ရှောင်က ပြစ်တင်ဝေဖန် ထားသည်။

ရှောင်သည် အဆိုပါသတ္တု တွင်း၌ ၃၂ နှစ်ကြာ အလုပ်လုပ် ကိုင်ခဲ့သူဖြစ်ကြောင်း၊ ၎င်း နှင့်ဇနီးဖြစ်သူ တို့သည် ဘဝနေ ဝင်ချိန်ကို မျှော်လင့်ချက်မဲ့စွာ စောင့်ဆိုင်းနေ ရကြောင်း ရှောင်က သူ၏ ရှပ်အင်္ကျီကို မလျက် ခြေထောက်၊ နောက်ကျောနှင့် ဗိုက်သားရှိ အနာများနှင့် ကြွက်နို့များကို ပြသ၍ ပြောကြားခဲ့သည်။

ပေါင်းသတ်ဆေး၊ သစ်သားတာရှည် ခံဆေးနှင့် သတ္တု စက်ရုံများတွင် အသုံးပြုသော စိန်အဆိပ်နှင့် ဒြပ်ပေါင်းတို့သည် အရေပြား ကင်ဆာ၊ ဆီးအိမ် ကင်ဆာနှင့် အဆုတ်ကင်ဆာ တို့ကို ဖြစ်ပွား စေနိုင်သည်။

၂ဝ၁ဝ ပြည့်နှစ်က ဟုရှန်းကျေးရွာတွင် လူဦးရေ ၁၅ဝဝ ခန့်ရှိပြီး ဆယ်စုနှစ်နှစ်ခု အတွင်း စိန်အဆိပ် သင့်မှုကြောင့် ရွာသား၁၅၇ ဦး သေဆုံးခဲ့ပြီး ကင်ဆာရောဂါ ဝေဒနာရှင် ၁၉ဝဦး ရှိသည်။ ဟုရှန်း ကျေးရွာမှ ရွာသားများသည် နစ်နာကြေးနှင့် အထောက်အပံ့များ ရရှိရန်အတွက် ဒေသဆိုင်ရာ အစိုးရထံ အသနားခံစာ ရေးသား ပေးပို့ခဲ့ကြောင်း သိရသည်။

Aye Chan Mon Credit To: မြ၀တီ
http://www.ayechanmon-news1.com/

Post a Comment

 
Top