ACM Re-Post 19-6-2014
စပိန်နှင့်ချီလီအသင်းတို့ ကစားခဲ့သောပွဲ မတိုင်မီ ချီလီအသင်း ပရိသတ်များမှာ မာရာကာနာကွင်းရှိ မီဒီယာစင်တာအတွင်း သောင်းကျန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စပိန်နှင့်ချီလီပွဲ မစမီ တစ်နာရီခန့် အလိုတွင် ချီလီပရိသတ်များသည် မီဒီယာသမားများသာ ၀င်ရောက်ခွင့်ရှိသည့် နေရာမှ ကွင်းအတွင်းသို့ ၀င်ရောက်ရန် ကြိုးပမ်းခဲ့ကြပြီးဝင်ပေါက်များနှင့် သံဇကာများကိုလည်း ဖျက်ဆီးခဲ့ကြသဖြင့် လုံခြုံရေးများက ၀င်ရောက်ထိန်းသိမ်းခဲ့ရသည်။
အဆိုပါ ချီလီပရိသတ်များမှာ လက်မှတ်မရှိသည့် ပရိသတ်များဖြစ်နိုင်ပြီး ၎င်းတို့ကို ကွင်းလုံခြုံရေး တာဝန်ရှိသူများက ကွင်းအတွင်း ၀င်ပေါက်မှ ဆွဲထုတ်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်များထံ အပ်နှံခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ် မတိုင်မီကလည်း အာဂျင်တီးနား ပရိသတ်အချို့မှာ ဘော့နီးယားနှင့်ပွဲအား လက်မှတ်မပါဘဲ ၀င်ရောက်ကြည့်ရှုခဲ့ကြသဖြင့် ဘရာဇီးလ်လုံခြုံရေးများမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
Aye Chan Mon Credit To: Eleven Media Group
http://
Post a Comment