0

ACM Re-Post 19-6-2014

ကမ္ဘာ့ဖလား အုပ်စု(ခ)မှ အုပ်စုပွဲစဉ်တွင် ဟော်လန်အသင်းက သြစတြေးလျ အသင်းကို အပြန်အလှန်ဂိုးများသွင်းယူပြီး (၃-၂)ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

ဟော်လန်အသင်းသည် လက်ရှိချန်ပီယံစပိန်ကို အနိုင်ရခဲ့သည့်ပွဲမှ ကစားကွက်အတိုင်း (၃)ယောက်တန်းခံစစ်ဖြင့်ပွဲထွက်လာခဲ့ပြီး တိုက်စစ်ကို ဗန်ပါစီ၊ ရော်ဘင်နှင့် ကွင်းလယ်ကို ဆနိုက်ဒါက ဦးဆောင်သွားခဲ့သည်။ သြစတြေးလျအသင်းတွင်လည်း ကာဟေးလ်၊ ဘရက်စီယာနို၊ ယီဒီနက် စသည့် အဓိကကစားသမား အစုံအလင်ပါဝင်ခဲ့သည်။ ဟော်လန်အသင်းသည် ခံစစ်လုံခြုံရေးကို ဂရုပြုခဲ့သော်လည်း သြစတြေးလျအသင်းကို ဂိုးများပေးခဲ့ရပြီး သြစတြေးလျအသင်း၏ဦးဆောင်ခြင်းကိုပင်ခံခဲ့ရသေးသည်။

ပွဲ၏အဖွင့်ဂိုးကို ဟော်လန်အသင်းက ရရှိခဲ့ပြီး ပွဲချိန်(၂၀)မိနစ်တွင် ရော်ဘင် က သွင်းယူခဲ့သည်။ ထို့နောက် သြစတြေးလျအသင်းက ကာဟေးလ်၊ ယီဒီနက် (ပင်နယ်တီ) တို့ (၂၁၊ ၅၄)မိနစ်တွင် သွင်းယူသည့်ဂိုးများဖြင့် ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။ ဟော်လန်အသင်းမှ ဂိုးရရန်ပြန်လည်ကြိုးပမ်းလာခဲ့ရာ လူစားဝင်ကစားသမား ဒီပေးက (၅၈)မိနစ်တွင် ဗန်ပါစီသွင်းဂိုးအတွက် ဖန်တီးမှု တစ်ကြိမ်ပြုလုပ်ခဲ့ပြီး (၆၈)မိနစ်တွင် ကိုယ်တိုင်တစ်ဂိုးသွင်းယူကာ အနိုင် (၃)မှတ်ကိုရယူပေးသွားခဲ့သည်။

ဟော်လန်အသင်း၏ပထမဂိုးကို ရော်ဘင်သွင်းယူခဲ့စဉ် (Photo: AFP)

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
 (4 photos)

Post a Comment

 
Top