0

မဟာသန္တိသုခ ကျောင်းတိုက် ပြဿနာတွင် ပါဝင်ပတ်သက်သော သံဃာ့ မဟာနာယက ဆရာတော်ကြီးများ၊ ပီနန် ဆရာတော် နှင့် ဦးခင်ညွန့် စသော ပုဂ်္ဂိုလ်များ အပါအ၀င် မျက်နှာစုံညီ သတင်းစာ ရှင်းလင်းပွဲပြု လုပ်ရန် အမျိုးသား နိုင်ငံရေး စောင့်ကြည့်အဖွဲ့ က သက်ဆိုင်ရာ အစိုးရ အဖွဲ့သို့ တောင်းဆို လိုက်သည်။

ဘုန်းကြီးတို့ တောင်းဆိုတုန်းက သံဃာငါးပါးကို ခြွင်းချက် မရှိ အမြန်ဆုံး ချက်ချင်း လွှတ်ပေးရမယ်လို့ တောင်းဆိုတယ်။ (၂၇) ရက်နေ့မှာ ဒုတိယရုံးချိန်း ရှိတယ်။ ဒါပေမဲ့ (၂၇) ရက်နေ့ မတိုင်ခင်မှာ အမှုကို ခြွင်းချက် မရှိ ရုပ်သိမ်းပေးမယ်လို့ မျှော်လင့်တယ် ဟု ရွှေတွံတေး ဆရာတော် အရှင် ၀ါယမ က မိန့် ကြားသည်။

အကယ်၍ အဆိုပါ အမှုကို မရုပ်သိမ်းပါက အမျိုးသားနိုင်ငံရေး စောင့်ကြည့် အဖွဲ့ အနေဖြင့် ရုပ်သိမ်းပေးရန် တိုးမြှင့်ကာ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ အမျိုးသား နိုင်ငံရေး စောင့်ကြည့် အဖွဲ့၏ သဘောထား ကြေညာချက်တွင် မဟာသန္တိသုခ ကျောင်းတိုက်၏ ပဋိပက္ခကို အကြမ်းဖက် ဖြေရှင်းခြင်းအား ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း အပါအ၀င် အချက်သုံးချက်ကို ထုတ်ပြန်ထားသည်။

သိန်းနှစ်ရာနဲ့ အာမခံတဲ့ အပေါ်မှာ ဘုန်းကြီးတို့ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ တောင်းဆိုချက်ကတော့ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေါ့။ ဘုန်းကြီးငါးပါး အနေ နဲ့က နောက်တစ်ကြိမ်ပြန်မ၀င် ချင်ဘူး။ ဒါပေမဲ့ အမှုကို ရုပ်သိမ်းဖို့ အမိန့်က ကျမလာသေးဘူး ဆိုရင် ထောင်ထဲ ပြန်ထည့်နိုင်မလား၊ မထည့်နိုင်တဲ့ အခြေအနေထဲမှာ အကောင်းဆုံးရနိုင် သလောက် ဘုန်းကြီးကို အာမခံနဲ့ ထားပြီး ဆွဲထုတ်ခဲ့တဲ့ သဘောပဲ ဟု ဆရာတော်က ထပ်လောင်းမိန့်ကြားသည်။ အမျိုးသား နိုင်ငံရေး စောင့်ကြည့်အဖွဲ့ကို မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ရွှေတွံတေး ဆရာတော် အရှင်ဝါယမ၊ မောင်းတီး ဆရာတော် ဦးသန္ဓမ္မနှင့် နိုင်/ကျဉ်းဟောင်း အချို့ဖြင့် ဇွန်လ (၁၇) ရက်နေ့က ဖွဲ့စည်းထားကြောင်း သိရသည်။

Aye Chan Mon Credit To: Messenger News Journal
http://www.ayechanmon-news1.com/

Post a Comment

 
Top