0
ခင်မြတ်မြတ်ဝေ

ရန်ကုန်၊ မဇ္ဈိမ။ ။ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အထက်တန်း ကျောင်းသူကျောင်းသား အယောက် ၂ဝဝအတွက် ပညာသင်ထောက်ပံ့ကြေးကို SCG Sharing the Dream
ဘိလပ်မြေ ကုမ္ပဏီမှ တတိယကြိမ်မြောက် ပေးအပ်သွားမည်ဟု ကုမ္ပဏီ၏ မြန်မာပြည် ဌာနေကိုယ်စားလှယ် THANA POONEE က မဇ္ဈိမကို ပြောသည်။

" ဒီမြို့နယ်တွေမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေမှာ မိဘများ ဝင်ငွေနည်းတဲ့သူတွေ၊ ပညာရေးပိုင်းမှာ ထူးချွန်တဲ့ သူတွေကို ရန်ကုန်က အယောက်၁ဝဝ၊ မွန်ပြည်နယ် အယောက်၁ဝဝ၊ ရွေးပြီး
ပညာသင်ဆု ပေးမှာပါ"ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို နှင့် ကော့မှူး စသည့် မြို့နယ်တို့မှ ကျောင်းသားများနှင့်
မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ပေါင် နှင့် ချောင်းဆုံမြို့နယ်များမှ ကျောင်းသူ/ကျောင်းသားများအတွက် ပညာသင်ဆု နှစ်ရာကို ချီးမြှင့်သွားမည်ဖြစ်သည်။

ပညာသင်ဆု လျှောက်ထားလိုသူ ကျောင်းသား၊ကျောင်းသူများသည် သက်ဆိုင်ရာမြို့နယ် ပညာရေး မှူးရုံးများမှ ပညာသင်ဆု လျှောက်လွှာဖောင်များတွင် မိမိ၏ ကိုယ်ရေး အချက်အလက်များ၊
ဓာတ်ပုံနှင့် တကွ မိမိ၏ သက်ဆိုင်ရာ ကျောင်းမှ အတန်းပိုင် ဆရာမ၏ ထောက်ခံချက် လက်မှတ်များဖြင့် ဇွန် ၂၃ရက်မှ စတင်ကာ ဇူလိုင် ၁၈ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သည်။

ပညာသင်ဆုရ ကျောင်းသားတစ်ဦးလျှင် ကျပ်နှစ်သိန်းတစ်သောင်း ရရှိမည်ဖြစ်သည်။ ယခင်နှစ်ကမူ တစ်ဦးလျှင် ကျပ်နှစ်သိန်းစီ ချီးမြှင့်ခဲ့သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top