0

ACM Re-Post 3-6-2014

ချဲလ်ဆီးအသင်း ထိပ်တန်းဂိုးသွင်းရှင် လမ်းပတ်ဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ (၂၀၀၁)ခုနှစ်မှာ ၀က်စ်ဟမ်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ချဲလ်ဆီးကစားသမားဘ၀ (၁၃)နှစ်တာ ကာလအတွင်း အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလား(၃)လုံး၊ ချန်ပီယံလိဂ်ဖလား(၁)လုံး၊ ယူရိုပါလိဂ် ဖလား(၁)လုံး၊ အက်ဖ်အေဖလား(၄)လုံး၊ ကက်ပီတယ်ဝမ်းဖလား(၂)လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ လမ်းပတ်ဟာ ချဲလ်ဆီးအတွက် (၆၄၉)ပွဲ ကစားရာမှာ (၂၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူပါ။

အင်္ဂလန်အသင်းနဲ့အတူ အမေရိကန်နိုင်ငံ မီယာမီမြို့မှာ လေ့ကျင့်ခန်း ဆင်းနေစဉ်အတွင်း လမ်းပတ်က အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ကစားသမားဘ၀ကနေ အနားယူမလားဆိုတာကိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။ လမ်းပတ်ဟာ (၁၉၉၉)ခုနှစ်မှာ အင်္ဂလန်အသင်းအတွက် စတင်ပါဝင်ခွင့်ရခဲ့ပြီး အင်္ဂလန် လက်ရွေးစင်ဘ၀ ပါဝင်ကစားခဲ့တဲ့ (၁၀၃)ပွဲမှာ (၂၉)ဂိုး သွင်းယူနိုင်ခဲ့သူပါ။

လမ်းပတ်ဆိုတာ ဘောလုံးလောကကို အမြင်ပြောင်းစေခဲ့တဲ့ ဗဟိုကွင်းလယ်လူတစ်ဦးဖြစ်သလို ချဲလ်ဆီးအတွက် အရမ်းကျေးဇူးတင်ဖို့ ကောင်းတဲ့ကစားသမားလို့ ချဲလ်ဆီးအသင်းပိုင် ၀က်ဘ်ဆိုက်မှာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးအတွက် ပွဲ(၄၀) ကစားခဲ့တဲ့ လမ်းပတ်ကို လောလောဆယ် ကမ်းလှမ်းထားတဲ့ ကလပ်အသင်း(၁၅)သင်း ရှိနေတယ်လို့လည်း သိရပါတယ်။

@z (ရိုးရာလေး)

Aye Chan Mon Credit To : YoYarLay
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top