ကျွန်တော်သည် ဖဆပလခေတ်မှာ လူဖြစ်ရသည်။ ၁၉၅၈ ခုနှစ်တွင် ကျွန်တော် အသက် ၂ဝ ရှိပြီ။ ထိုအချိန်တွင် နိုင်ငံရေးလှိုင်းတံပိုးများ ပြင်းထန် နေသည်။ အနှစ် ၄ဝ တည်မြဲရမည်ဆိုသော ဖဆပလအဖွဲ့ကြီး ပြိုကွဲစပြုပြီ။ ဗိုလ်ချုပ်နေ ဝင်း၏ အိမ်စောင့်အစိုးရတက်လာသည်။
ပြည်ထောင်စု အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုခေါ် အတိုက်အခံပါတီ များစုပေါင်း ထားသည့် ပမညတ အင်အားကောင်းလာ သည်။ အိမ်စောင့်အစိုးရ ကပြုလုပ်သော ရွေး ကောက်ပွဲတွင် ဦးနု၏သန့်ရှင်းဖဆပလအနိုင် ရရှိသည်။ ပါလီမန်ခေါ် ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာသည်။
နိုင်ငံအတွင်းမှာတော့ တောတွင်းလက် နက်ကိုင်အဖွဲ့အစည်းများ ကျေးလက်တော ရွာများတွင် မင်းမူနေသည်။ သခင်သန်းထွန်း ၏ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် သခင်စိုး၏ ကွန်မြူနစ်ပါတီ(ဗမာပြည်)အလံနီတု
ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ ကလည်း ပြည်တွင်းငြိမ်းချမ်းအဖွဲ့ကို ထောက် ခံကာ ဟောပြောပွဲများ၊ လူထုလှုပ်ရှားမှုများပြု လုပ်နေကြသည်။ 'မိဘပြည်သူများခင်ဗျား' ဟူသော အသံချဲ့စက်မှအသံကို နေ့စဉ်လိုလို ကြားနေရလေသည်။
ပြည်သူသည်သာ မိဘဟူ၍နားလည်ခဲ့ ကြ၏။ မိဘသည် ပြည်သူသာဖြစ် လေသည်။ သန့်ရှင်းဖဆပလအစိုးရနှင့် တိုင်းရင်းသား ပြည်သူများသည် ဖက်ဒရယ်မူဖြင့် ဆွေးနွေး ပွဲများ ပြုလုပ်နေကြဆဲ။ ဗိုလ်ချုပ်နေဝင်း ဦး ဆောင်သော စစ်ခေါင်းဆောင်တစ်ခုက တိုင်း ပြည် ချောက်ထဲကျတော့ မည်ဆိုသော အ ကြောင်းပြချက်နှင့် အာဏာသိမ်းလိုက်ကြ သည်။ ၁၉၆၂ ခုနှစ်ကဖြစ်သည်။
ဦးနုအပါအဝင် နိုင်ငံရေးအဖွဲ့အစည်း များက ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း လိုက်ကြသည်။
မိဘပြည်သူများဟူသော အသံကို မကြား ရတော့။ တော်လှန်ရေးကောင်စီက 'လုပ်သားပြည်သူ' ဟူသော စကားလုံးကို သုံးလာ သည်။ ပြည်သူများကို လုပ်သားအဖြစ်သာမြင် သည်။ 'လုပ်သားပြည်သူနေ့စဉ်'အမည်ဖြင့်
တော်လှန်ရေးကောင်စီသည် ပွဲဦးထွက် အဖြစ် ၁၉၆၂ခုနှစ် ဇူလိုင် ၇ရက်တွင် တက္က သိုလ်ကျောင်းသားများကို အကြမ်းဖက်သတ် ဖြတ်ခဲ့သည်။ ကျောင်းသားသမဂ္ဂအဆောက် အအုံကို ဖြိုဖျက်ခဲ့သည်။ ထို့နောက် ၁၉၇၄ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေး အခင်းတို့ ဆက်တိုက်ပေါ်လာရာ လက်နက် ဖြင့်သာ ဖြေရှင်းခဲ့လေသည်။
၁၉၈၈ခုနှစ် လူထုအြုံ<ွကမှုကြီးပေါ်ပေါက် လာသောအခါ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီနှင့်အတူ မဆလအစိုးရပြုတ် ကျသွားသည်။ တိုင်းပြည်ကို ထိန်းသိမ်းရန်ဟူ သော အကြောင်းပြချက်ဖြင့် နဝတခေါ် စစ် အစိုးရပင် တက်လာပြန်သည်။
နိုင်ငံရေးသမား၊ ကျောင်းသားခေါင်း ဆောင်များကို ဖမ်းဆီးအကျဉ်းချပြန်သည်။ 'တပ်မတော်သာအမိ၊ တပ်မတော်သာအဖ' ဟူသော အနီရောင်နောက်ခံ စာလုံးအဖြူနှင့် ရေးထားသော ဆိုင်းဘုတ်ကြီးများ လမ်းဆုံ လမ်းခွများ၌ တွေ့လာရသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက ''ပြည်သူကမွေးဖွားသော တပ် မတော်''ဟုဆိုခဲ့သည်။ ပြည်သူက ပေါက်ဖွား လာသော တပ်မတော်ဟူ သော ခံယူချက် ပျောက်ကွယ်သွားရသည်။
ယခုအခါမှာတော့ နဝတ၊ နအဖအစိုးရ များ၊ စစ်အာဏာရှင်အစိုးရများ ကွယ်ပျောက် သွားပြီးနောက် အစိုးရသစ်တက်လာသည်။ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် တို့နှင့်အတူ နိုင်ငံတော်သမ္မတခေါင်းဆောင် သော အစိုးရသစ်ဖြစ်သည်။
တိုင်းသူပြည်သားများကို ရင်ဝယ်သား ကဲ့သို့သနားသော အရှင်မင်းကြီးတို့၏ ပဒေ သရာဇ်ခေတ်၊ တိုင်းသူပြည်သားတို့အား လုပ် သားပြည်သူများဟူ၍ သုံးနှုန်းသော စစ်အ စိုးရအဆက်ဆက်ခေတ်တို့ ဆိတ်သုဉ်းသွား ပြီးနောက် အစိုးရသစ်က 'မိဘပြည်သူများ'ဟူသော အသိတရားဖြင့် ဆက်ဆံလာခဲ့လေ သည်။
ကျွန်တော်တို့အများပြည်သူသည် ဒီမို ကရေစီစနစ်ဖြင့် ငြိမ်းချမ်းသိမ်မွေ့သော အုပ် ချုပ်ရေးစနစ်ကို လိုလားကြသည်။ တစ်နည်း အားဖြင့် ပြည်သူကို မိဘသဖွယ်ဦးထိပ်ထား သော အစိုးရကိုသာ လိုလားနှစ်သက်ကြပါ ၏။ သို့သော် စစ်အစိုးရ သို့မဟုတ် စစ်အာဏာ ရှင်တို့ အငွေ့အသက်မကင်းသော အပြော အဆို၊ အရေးအသားများကို မကြာခဏတွေ့ နေကြရသေးသည်။
တိုင်းပြည်အတွက် မိဘ သဖွယ် သမ္မတကြီး၊ သားသမီးနှင့်တူသော ပြည်သူများဖြစ်ပါသည်ဆိုသော အယူအဆ သည် မမှန်ကန်တော့ပါ။
ပြည်သူတိုင်း နှလုံးသွင်းဆင်ခြင်ရမည် သာဖြစ်ပါသည်။ ပြည်သူက ရွေးကောက်တင် မြှောက်သော အစိုးရဖြစ်လျှင် ပြည်သူသည် သာ မိဘဖြစ်ရပါမည်။ ပြည်သူကတင်သော အစိုးရသည် ပြည်သူများကိုသာ အလုပ်အ ကျွေးပြုရပါမည်။
ထို့ကြောင့် မိဘပြည်သူ-ပြည်သူသာလျှင် မိဘနှင့်တူကြောင်း ထပ်ခါတလဲ မှတ်ယူကြ စေချင်ပါသည်ခင်ဗျား။ ။
Aye Chan Mon Credit To:Yangon Media Group
http://
Post a Comment