0

ACM Re-Post 24-4-2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိရာ Victory Monument သို့ ချီတက်သွားခဲ့သော ဆန္ဒပြသူများအား
မေလ ၂၄ရက် ညနေပိုင်းတွင် စစ်သားများနှင့် ရဲများက ပိတ်ဆို့ထားကြသည်။

မေလ ၂၄ရက် နံနက်ပိုင်းတွင် Phahon Yothin လမ်းပေါ်ရှိ Major Cineplex ရုပ်ရှင်ရုံကြီး ရှေ့တွင် လူရာပေါင်းများစွာ ဆန္ဒပြခဲ့ကြပြီး၊ ၎င်းတို့အား စစ်သားများနှင့်
ရဲများက ဝိုင်းထားခဲ့ကြသည်။

ထိုဆန္ဒပြသူများသည် ထိုင်းစံတော်ချိန် ညနေ ၅ နာရီတွင် Victory Monument ရှိ အခြား ဆန္ဒပြအုပ်စု နှင့် ပူးပေါင်းရန် စီစဉ်ထားခဲ့ကြခြင်း ဖြစ်သည်။

ထိုအုပ်စုသည် Saphan Khwai လမ်းဆုံတွင် လုံခြုံရေးတပ်ဖွဲ့ အရာရှိများနှင့် ရင်ဆိုင်တွေ့ခဲ့ကြရာ၊ ၎င်းတို့ သွားလိုသော နေရာဖြစ်သည့် Victory Monument သို့
ရောက်ရှိရေးအတွက် မိုးပျံရထားပေါ်သို့ တက်ရောက်သွားခဲ့ကြသည်။

ထိုသူများကို တားဆီးရန်အတွက်၊ ထိုင်းစံတော်ချိန် ညနေ ၄ နာရီ ၅၀ မိနစ် မှ စ၍ စစ်သားများက Victory Monument မိုးပျံရထား ဘူတာ၏ ဂိတ် ကို ပိတ်ဆို့ရန်
ကြိုးစားခဲ့ကြကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

Victory Monument သို့ ချီတက်သွားခဲ့သော အုပ်စုထက်၊ ပို၍အင်အားနည်းသည့် အခြား အုပ်စုတစ်စုသည်လည်း ထိုင်းစံတော်ချိန် ညနေ ၅ နာရီတွင် MBK အနီးရှိ
ကုန်းကျော်တံတားကြီးတွင် ဆန္ဒပြနေခဲ့ကြသည်။

Ref: Bangkok Post

ACM Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top