0


Angel ACM Re-Post 29-5-2014

မကြာသေးမီကဖြစ်ပေါ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် Taylor Swift ဟာ ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။

ဂျွန်လ ကိုးရက်နေ့ မြို့ တော် ဘန်ကောက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ပွဲဟာ ထိုင်းနိုင်ငံမှာ Taylor Swift ပထမဆုံး ဖျော်ဖြေမယ့်ပွဲလည်းဖြစ်ခဲ့ပါတယ်။

“ ထိုင်းနိုင်ငံမှာရှိတဲ့ ပရိတ်သတ်တွေအတွက် ကျွန်မအချစ်မေတ္တာကို ပို့ သလိုက်ပါတယ်။ ဂီတပွဲ ဖျက်သိမ်း လိုက်ရတဲ့အတွက် ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်” လို့ သူမက Twitter ကနေ တဆင့် တောင်းပန်ခဲ့ ပါတယ်။

ဘန်ကောက်ပွဲစီစဉ်သူ BEC-Tero Entertainment က လည်း မကြာသေးမီကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ပွဲကို ဖျက်ခဲ့ရကြောင်းနဲ့ ထိုင်းနိုင်ငံက ပရိသတ်တွေကို အနူးအညွတ်တောင်းပန်အပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံအဆင့် ကာဖျူးအမိန့် ကို ည ဆယ်နာရီကနေ မနက် ငါးနာရီအထိ ထုတ်ပြန်ထားပြီး ရုပ်သံ မီဒီယာတွေကို ပုံမှန်ရုပ်သံအစီအစဉ်တွေကို ရွှေ့ ဆိုင်းဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။

Ref: nme.com

Aye Chan Mon Credit To: http://www.trend.com.mm/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top