0

ACM Re-Post 29-5-2014

၂၀၁၂ ဒီဇင်ဘာက ဒေလီမြို့တွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု ဆိုးရွားစွာ ဖြစ်ပွားခဲ့သည်မှ အစပြု၍ လိင်ပိုင်းဆိုင်ရာ အဓမ္မမှုများကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ ပြုလုပ်လာကြသည်။ (ဓာတ်ပုံ- AP)

နယူးဒေလီ- အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွင် ဆယ်ကျော်သက်မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် သစ်ပင်တွင်ချိတ်ဆွဲကာ ဆွဲကြိုးချသတ်ဖြတ်ခဲ့မှုဖြင့် ရဲအရာရှိတစ်ဦးအပါအဝင် အနည်းဆုံးလူသုံးဦးခန့်ကို အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

အာဏာပိုင်များသည် ယခုအခါ နောက်ထပ်သံသယရှိသူတစ်ဦးနှင့် အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း အမှုနှင့်ပတ်သက်၍ ရှာဖွေနေသည်။ သေဆုံးခဲ့သူများ၏ ကျန်ရစ်သူ မိသားစုများက ၎င်းတို့သည် ရဲတပ်ဖွဲ့ထံသို့ အသက် (၁၄)နှစ်နှင့် (၁၆)နှစ်အရွယ်ရှိ ထိုမိန်းကလေးများပျောက်ဆုံးခြင်းကို အကြောင်းကြားသော်လည်း ရှာပေးရန် ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့က ကွယ်လွန်သူမိန်းကလေးများ၏ အစ်ကိုဝမ်းကွဲများဖြစ်သည့် ဇာတ်နိမ့်မျိုးဖြစ်သော အမျိုးသားနှစ်ဦးကို မိန်းကလေးများအား အဓမ္မပြုမှု၊ သတ်ဖြတ် မှုတို့ဖြင့် ဖမ်းဆီးထားကြောင်း၊ ကျန်ရဲသားတစ်ဦးကိုမူ ပူးပေါင်းကြံစည်ကြောင်း သံသယရှိမှု၊ တာဝန်ပျက်ကွက်မှုများဖြင့် ဖမ်းဆီးထားကြောင်း ဆိုသည်။

မိန်းကလေးများပျောက်ဆုံးသွားသည့် အင်္ဂါနေ့ညတွင် တာဝန်ပျက်ကွက်မှုဖြင့် ဖယ်ရှားခံရသော ရဲသုံးဦးရှိခဲ့သည်ကို ရဲတပ်ဖွဲ့က ကြာသပတေးနေ့ နံနက်တွင် အတည်ပြုနိုင်ခဲ့ သည်။ အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့ရသည့် ဆယ်ကျော်သက်မိန်းကလေးများ၏ ရုပ်အလောင်းများကို ပြည်နယ်အတွင်းရှိ ဘတ်ဒေါင်ခရိုင်မှ ကတ်ထရာရှဟာဒတ်ဂန်ရွာတွင် တွေ့ခဲ့ရခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာတွင် ကျေးရွာသားပေါင်း ရာနှင့်ချီ၍ အမှုတွင်ရဲများပါဝင်ပတ်သက်မှုနှင့် အရေးမယူဘဲနေခဲ့ခြင်းကို အသံတိတ်ဆန္ဒပြခဲ့ကြသည်ဟုလည်း သိရသည်။

—Ref: BBC

Aye Chan Mon Credit To: 7Day News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top