Home
»
ပြည်တွင်းရေး
» မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)၏ ပထမအကြိမ် ဗဟိုဦးစီးအစည်းအဝေးကျင်းပ
ရန်ကုန်၊ မေ ၄မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)၏ ပထမအကြိမ် ဗဟိုဦးစီးအစည်းအဝေးကို ယနေ့ကျင်းပသည်။ယင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက၊ ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ အော့ခစ် ဟိုတယ်ခန်းမတွင်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ဗဟိုဦးစီးအဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ကြသည်။
အစည်းအဝေးတွင် အသင်းနာယက ဆရာဖိုးသောကြာနှင့် ဥက္ကဌ ဦးကိုကိုတို့က နှုတ်ခွန်းဆက်စကားများပြောကြားကြပြီးနောက်၊ အသင်း၏ဆောင်ရွက်ချက်များနှင့် ငွေစာရင်းရှင်းတမ်းများကို ကြေညာကာ အစည်းအဝေးတက်ရောက်လာကြသူများထံမှအတည်ပြုချက်ရယူခဲ့သည်။
ထို့နောက် သတင်းမီဒီယာများနှင့်ပတ်သက်၍ အကျိုးအကြောင်းနှင့် မဆီလျော်သည့်အကျပ်ကိုင်အရေးယူမှုများမပြုလုပ်ရေး၊ ကျင့်ဝတ်နှင့်အညီဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများကလည်းပူးပေါင်းဆောင်ရွက်ရေး စသည့် အဆိုပြုချက် ၃ ရပ်ကို ဒေါက်တာသက်လွင်၊ ဦးစိန်လှိုင်ဘိုနှင့် ဦးလှကြည်တို့က တင်ပြကြပြီးနောက်၊ ဦးကောင်းစံရှီး၊ ဦးသိန်းလှိုင်နှင့် ဦးသန်းဝေတို့က ပြန်လည်ထောက်ခံဆွေးနွေးခဲ့ကြကာ အစည်းအဝေးတက်ရောက်လာသူများက အတည်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)၏ ပထမအကြိမ် ဗဟိုဦးစီးအစည်းအဝေးသို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၊ မြန်မာဂျာနယ်လစ်ကွန်ရက် နှင့် မြန်မာနိုင်ငံသတင်းသမဂ္ဂတို့မှ သ၀ဏ်လွှာများပေးပို့ခဲ့ကြကြောင်းသိရသည်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းကို ၂၀၁၂ ခုနှစ် သြဂုတ်လ(၁၁)ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်းခွဲ ၁၂ ခုနှင့် အသင်းဝင် စုစုပေါင်း ၂၀၀၀ ခန့်ရှိကြောင်းသိရသည်။
PP
Aye Chan Mon# Credit To :Popular Myanmar News Journal
သတင်းအစုံကို https://www.facebook.com/excellencemediaတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Post a Comment