နေပြည်တော် ၊ ၅-၅-၂၀၁၄
ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့နယ် ၊ ပြည်နယ် အစိုးရရုံး မှ ၀န်ထမ်းအမှတ် ၊ ထ/၁၂၄၉၇၄ ဦးဖြိုးဖြိုး ( အငယ်တန်းစာရေး) ၂၃ နှစ် (ဘ) ဦးစိုးမြင့်လွင် နှင့် ၀န်ထမ်းအမှတ် ၊ ထ/ ၁၂၄၉၇၉ ဦးမုန်ခန်နော် (ယာဉ်မောင်း အဆင့်-၅ ) ၂၄ နှစ် (ဘ) ဦးနောင်နောင် တို့ နှစ်ဦးသည် မေလ ၃ ရက် နံနက် ၁၁ နာရီခွဲ ခန့်တွင် ဆိုင်ကယ်ဖြင့် ကချင်ချောင်းသာ အပန်းဖြေ နေရာသို့ သွားရောက် လည်ပတ်ပြီး အပြန်တွင် အာလမ် ကျေးရွာအုပ်စု ၊ ဒွန်ဂမ်ကျေးရွာ အနီး ရော်ဘာခြံသို့ ရောက်ရှိစဉ် KIA (ကချင်) အဖွဲ့မှ အရပ်ဝတ်များဖြင့် အင်အား ၆ ဦးခန့်သည် ဆိုင်ကယ်အား တားဆီး၍ ၄င်းတို့ နှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
အဆိုပါ နယ်မြေအနီး ပတ်ဝန်းကျင် အား တပ်မတော် စစ်ကြောင်း များမှ နယ်မြေ ရှင်းလင်း ရှာဖွေ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)
Aye Chan Mon# Credit To : The Myawady Daily
မိတ်ဆွေဒီလင့် https://www.facebook.com/
Post a Comment