0

ACM Re-Post 24-4-2014

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ပြည်တွင်း၌ ဆက်သွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့် တိုးချဲ့လုပ်ကိုင် ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခု ဖြစ်သော ဂျပန်နိုင်ငံ တိုကျြိုမို့ အခြေစကို KDDI ကုမ္ပဏီနှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်ကို မကြာမီ ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အဆိုပါ KDDI ကုမ္ပဏီနှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်ကို မေလကုန်ပိုင်း သို့မဟုတ် လာမည့်ဇွန်လ အတွင်း၌ ချုပ်ဆို နိုင်စေရန် သက်ဆိုင်ရာမှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် လျက်ရှိပြီး ၄င်းကုမ္ပဏီနှင့် ဆက်သွယ်ရေး လုပ်ငန်းများ အပါအဝင် အခြားသော လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်း ကဏ္ဍများတွင် လည်း ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

KDDI ကုမ္ပဏီကြီးသည် ဂျပန်နိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် ရာခိုင်နှုန်း အတော်များများ နေရာယူ ထားသော အောင်မြင်ကျော်ကြားသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကောင်းဆုံး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားရန် စီစဉ်ထားကြောင်း၊ မိုဘိုင်းလ် ဆက်သွယ်ရေး ကဏ္ဍအတွက် အခြေခံ လိုအပ်သော အဆောက်အအုံများ တည်ဆောက်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာပြည်သူများ၏ လူနေမှုဘဝကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်နိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ အင်ဂျင်နီယာဌာနမှ အထွေထွေမန်နေဂျာ Mr.Masakatsu Sawada ကပြောသည်။

ယင်းကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ကဏ္ဍအတွက် အခြေခံ အဆောက်အအုံ များဖြစ်သော တာဝါတိုင်များနှင့် ရွေ့လျား တာဝါတိုင်များ တည်ဆောက်ခြင်း လုပ်ငန်းများအပြင် ဘက်စုံသုံး လမ်းမီးတိုင်များ စိုက်ထူခြင်း၊ အကြီးစား လုပ်ငန်းသုံး ဘက်ထရီကြီးများ ရောင်းချခြင်း နှင့် ကြိုးမဲ့ လုံခြုံရေး စနစ်များ၊ ရုပ်သံလွှင့်စက်များ တပ်ဆင်ရောင်းချခြင်း အစရှိသော လုပ်ငန်းများ ကိုလည်း လုပ်ကိုင် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဆောင်းဦး

ACM Credit To:မြ၀တီ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top