0

ACM Re-Post 24-4-2014

ပညာရေးသမားများကဲ့သို့ အရေးပါသောပုဂ္ဂိုလ်များအပါအ၀င် လူ ၃၅
ဦးကျော်အား တပ်မတော်သို့ လာရောက်တွေ့ဆုံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြင့်
ထိုင်းတပ်မတော်က သူ၏အာဏာတည်မြဲမှုကို ဆက်လက် လုပ်ဆောင်နေ
သည်ဟုသိရသည်။

သောကြာနေ့က ထိန်းသိမ်းခံထားရသည့် ၀န်ကြီးချုပ်ဟောင်း ယင်လတ်
အပါအ၀င် ထိုင်းနိုင်ငံရေးလှုပ်ရှားသူ တစ်ရာကျော်အား စစ်အုပ်ချုပ်ရေး
ကောင်စီ သို့လာရောက်ရန် စစ်တပ်မှအမိန့်ထုတ်ပြန်ထားခြင်းဖြင့် ထိုင်းနိုင်
ငံရေး လှုပ်ရှားမှုများကိုတစ်နေ့တည်းတွင် အပြောင်းအလဲများ
အဖြစ်မြင်တွေ့နေရသည်။

တစ်ဆက်တည်းတွင်ပင် အမေရိကမှ ကူညီရန် ရည်မှန်းထားသည့်
အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်းကိုလည်း ဆိုင်းငံ့ထားပြီး အရပ်သားဥပဒေကို ပြန်လည်ပေးအပ်ရန် တောင်းဆိုထားသည်။

ထို့အပြင် ၀ါရှင်တန်ဘက်မှလည်း အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့သော ကြာသပတေးနေ့နောက်ပိုင်းတွင် နိုင်ငံခြားခရီးသွားများအား ထိုင်းနိုင်ငံသို့
သွားရောက်မည့် ခရီးစဉ်များအားဖျက်သိမ်းရန်နှင့် အမေရိကန်အစိုးရပိုင်းမှသွားရောက်ရမည့်အရေးမကြီးသည့်
ခရီးစဉ်များအား ရပ်တန့်ထားရန်တိုက်တွန်းမှုများပြုလုပ်ထားသည်
ဟုဆိုသည်။

ပြောရေးဆိုခွင့်ရှိသူများမှလည်း ယင်လတ်အား တစ်ပတ်ထက်ပို၍ ထိန်းသိမ်းထားနိုင်မည်မဟုတ်ကြောင်းနှင့် နိုင်ငံတော်ပြန်လည်
တည်ဆောက်ရေးအတွက် ယင်လတ်အား ထိန်းသိမ်းထားရန်မှာ
လည်း လိုအပ်ကြောင်းပြောဆိုခဲ့သည်။

Col Werachon Sukhondhadhpatipak ဆိုသူကလည်း ယင်းကဲ့သို့
နိုင်ငံရေးသမားများအား ထိန်းသိမ်းထားခြင်းမှာ ၄င်းတို့အား ကျေးဇူးတင်ရမည့်အချိန်ကို ပေးအပ်လိုသောကြောင့်
ဖြစ်ကြောင်း စနေနေ့ကပြောကြားခဲ့သည်ဟုသိရသည်။

ခိုင်သဇင်ဦး

ACM Credit To:Popular Myanmar News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top