0

ACM Re-Post 24-4-2014

သောကြာနေ့အစောပိုင်းက သေနတ်သမားလေးဦးသည် အာဖဂန်နစ္စတန်အနောက်ပိုင်းရှိ အိန္ဒိယကောင်စစ်ဝန်ရုံးသို့ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း အစိုးရပိုင်းမှ တရားဝင်ပြောကြား
ချက်အရ သိရသည်။

ဟီရတ်ပြည်နယ်တွင်တည်ရှိသည့် ကောင်စစ်ဝန်ရုံးကို စောင့်ကြပ်နေသော အိန္ဒိယတိုင်ဘစ်တန် နယ်ခြားရဲတပ်ဖွဲ ((ITBP)မှ အဖွဲဝင်တစ်ဦးက ရုံးအတွင်းသို့အတင်းဝင်ရောက်တိုက်ခိုက်လာသော သေနတ်သမားများအား
ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း (ITBP) မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

၎င်းတို့သည် စက်သေနတ်များ၊ ဗုံးများကိုင်ဆောင်ထားပြီး ရုံးတွင်စောင့်ကြပ်နေသော လုံခြုံရေးတပ်ဖွဲ့အား တိုက်ခိုက်ရန် ၀န်းရံထားခဲ့သော်လည်း ကောင်စစ်ဝန်ရုံးမှ တစ်ဦးတစ်ယောက်မျှ အနာတရမဖြစ်ဘဲ သေနတ်သမားနှစ်ဦးသာ ကျဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍အိန္ဒိယနိုင်ငံခြားအတွင်းရေးမှုး Sujatha Singh
က အခြေအနေကို စောင့်ကြည့်သွားမည်ဟုသိရသည်။

Ref: CNN Asia
KTZO

ACM Credit To:Popular Myanmar News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top