0

ACM Re-Post 24-4-2014

အင်္ဂလန်အသင်းတိုက်စစ်မှူး ၀ိန်းရွန်နီ က ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၎င်း အတွက် အောင်မြင်မှုများ ရယူရန် နောက်ဆုံး အခွင့်အရေး ဖြစ်နိုင်ကြောင်း ပြောကြားသွားခဲ့သည်။ ရွန်နီက ၎င်း အနေဖြင့် လက်ရှိအချိန်တွင် ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားတွင် ရှိနေပြီး ပြီးခဲ့သည့် ကမ္ဘာ့  ဖလား ပြိုင်ပွဲ များတွင် အောင်မြင်မှုမရရှိခဲ့သည်များကို ချေဖျက်ရန် အကောင်းဆုံး အချိန်ဖြစ်ကြောင်း၊ယခုကဲ့သို့အလွန်ကောင်းမွန်သည့် အသက်အရွယ် နှင့် ကြံ့ခိုင်မှုမျိုးကို ပိုင်ဆိုင်ထားရန်မှာ မလွယ်ကူသည့်အတွက် ယခု အခွင့်အရေးမျိုးမှာ နောက်ထပ်တစ်ကြိမ် ရနိုင်ရန် မလွယ်ကူကြောင်း ဖွင့်ဟသွား ခဲ့ခြင်းဖြစ်သည်။ မန်ယူ တိုက်စစ်မှူးဖြစ်သူ ရွန်နီမှာ ပြီးခဲ့သည့် ဂျာမနီနှင့် တောင်အာဖရိက၊ ကမ္ဘာ့ ဖလားနှစ်ကြိမ်စလုံးတွင် အင်္ဂလန်အသင်း နှင့် အတူ ပါဝင်ခွင်ရခဲ့သော်လည်း ဒဏ်ရာ ပြဿနာများကြောင့် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။ ထို့အပြင် ရွန်နီကလာမည့် (၂၀၁၈) ကမ္ဘာ့ ဖလားပြိုင်ပွဲတွင်လည်း ယခုကဲ့သို့ အကောင်းမွန်ဆုံး အခိုက်အတန့်မျိုးဖြင့် ဆက်လက်ပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်ထား၍ မရကြောင်း ၀န်ခံသွားခဲ့သည်။

ရွန်နီက ပြီးခဲ့တဲ့ ပြိုင်ပွဲနှစ်ရပ်စလုံးမှာ အင်္ဂလန်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် တစ်ခု မှ ဖြစ်မလာခဲ့ပါဘူး။ ဒါ့အပြင်လာမယ့် (၂၀၁၈) ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာလည်း ကျွန်တော့်အနေနဲ့ ပုံစံကောင်းနဲ့ အတူ လက်ရွေးစင် အသင်းအတွက် စွမ်းဆောင်ပေးနိုင်မလား ဆိုတာ မသေချာပါဘူး။ အခုလက်ရှိ အချိန်မှာပဲ အကောင်းဆုံး လုပ်ပြချင်ပါတယ်။ ကျွန်တော်အနေနဲ့ အခုအချိန်မှာ ကြံ့ခိုင်မှု အရ အပြည့်အ၀ ကောင်းမွန်နေသလို (၂၈) နှစ် ဆိုတဲ့ ကစားသမား တစ်ယောက်မှာ ရှိရမယ့် အကောင်းဆုံး အသက်အရွယ်ကိုလည်း ပိုင်ဆိုင်ထားပါ တယ်။ ဒါဟာ အင်္ဂလန်အသင်း နဲ့အတူ အကောင်းဆုံး တောက်ပခွင့်ရဖို့ ကျွန်တော့်အတွက် နောက်ဆုံးအခွင့်အရေးလည်း ဖြစ်လာနိုင်ပါတယ် ဟု ပြောကြား သွားခဲ့သည်။

ACM Credit To:Messenger News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top