0

ACM Re-Post 24-4-2014

ကြာသပတေးနေ့က ထိုင်းတပ်မတော်၏ အာဏာ သိမ်းယူမှုကြောင့် ထိုင်းနိုင်ငံ အတွင်းသို့ လာရောက် လည်ပတ်မည့် နိုင်ငံခြား ခရီးသွားများမှာ စိုးရိမ်လျှက် ရှိမရှိကို အချို့သော စောင့်ကြည့်သူများက စိတ်ဝင်စားနေကြကြောင်း သိရသည်။

ဘန်ကောက်တွင် ထုတ်ပြန်ခဲ့သော ညနေ ၅နာရီမှ ည ၁၀ နာရီထိ အပြင် မထွက်ရ ဟူသည့် အမိန့်ကြောင့် လာရောက် လည်ပတ်မည့် ခရီးသွားများ အတွက် အဆင်မပြေ မဖြစ်စေရန် အစိုးရနှင့် သင့်တင့်သော သဘောတူညီမှု ရယူထားသည်ဟုလည်းသိရသည်။

သို့ရာတွင် ပြည်ပ ထွက်ခွာမည့် လေကြောင်းအစီအစဉ် များနှင့် နိုင်ငံခြား ခရီးသွားများ ၀င်ရောက်မှုကို သတ်မှတ်ချိန် အတွင်း ပြင်ပ မထွက်ရ အမိန့် အတိုင်း ထိုင်းတပ်မတော်က အချိန်မရွေး သွားလာခွင့်ပြုထားသည်ဟုလည်း ဆိုထားသည်။ ထို့ကြောင့် ထိုင်းလေကြောင်း လိုင်းများနှင့် လေဆိပ် များမှာ ပုံမှန်ခရီးစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်လျှက်ရှိသည်ဟုသိရသည်။

သို့သော် ထိုင်းနိုင်ငံအတွင်းရှိ အစိုးရကျောင်းများကို တနင်္ဂနွေနေ့ အထိ ပိတ်ထားရန်နှင့် အင်တာနေရှင်နယ် ကျောင်းများကိုမူယခင်အတိုင်း ဖွင့်လှစ်ပေးထားရန် ထိုင်းတပ်မတော် ကကြေငြာခဲ့သည်ဟု ဖော်ပြထားသည်။

Ref: CNN Asia
KTZO

ACM Credit To:Popular Myanmar News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top