0


ACM Re-Post 24-4-2014

မိမိ၏ ထုတ်ကုန် လူသိများစေရန် ကြော်ငြာကြသည့်အခါ အမျိုးမျိုး အဖုံဖုံ စိတ်ကူးလေ့ ရှိကြပြီး တရုတ်နိုင်ငံမှ ကြော်ငြာနည်းစနစ် တစ်ခုမှာမူ အတန်ငယ် ထူးခြားနေသည်။ တရုတ် ကြော်ငြာကုမ္ပဏီ တစ်ခုသည် ကျောင်းသူမိန်းကလေး (၁၀၀)ကျော်တို့ကို ကြော်ငြာကဏ္ဍအတွက် ငှားရမ်းခဲ့သည်။ အခကြေးငွေ ရယူထားသည့်နောက် အဆိုပါ ဆယ်ကျော်သက် မိန်းကလေးများသည် သူမတို့၏ သွယ်လျလှပသည့် ပေါင်တံလေးများ ပေါ်လွင်စေမည့် စကက်တို၊ ဘောင်းဘီတိုများကို ဝတ်ဆင်ရမည်ဖြစ်ပြီး ထိုနေရာတွင် ကြော်ငြာလိုသည့် အကြောင်းအရာကို ကပ်ထားမည် ဖြစ်သည်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ရှိ ဇွန်ဂမ်း စီးပွားရေးနှင့် ဥပဒေတက္ကသိုလ် ကျောင်းဝင်းထဲတွင် ကြော်ငြာကုမ္ပဏီ တစ်ခုက ကျောင်းသူလေးများကို စုစည်း ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး သန့်စင်ရေးအတွက် အသုံးပြုသည့်ပဝါ အမှတ်တံဆိပ်အတွက် ယင်းကဲ့သို့ ကြော်ငြာခြင်း ဖြစ်သည်။ မိန်းကလေးများ၏ ပေါင်တံပေါ်တွင် ကြော်ငြာလိုသည့် ကုန်ပစ္စည်းနှင့် ပတ်သက်သည့် အချက်အလက်များကို ကပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ကုန်ပစ္စည်း၏ ကြော်ငြာဝက်ဘ်ဆိုက်နှင့် ဘားကုတ် အမှတ်တံဆိပ်များပါ ပါရှိသည်။ “တကယ်လို့ အမျိုးသားတစ်ယောက်က ဖြစ်ဦးတော့၊ ကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး ဒီထက်ပိုသိချင်တယ် ဆိုပါစို့။ အဲဒီအတွက် ကြော်ငြာက ဘားကုတ်ကို မိုဘိုင်းလ်ဖုန်းနဲ့ Scanဖတ်နေရင်တောင် ဒီမိန်းကလေးတွေက ကြည်ကြည်သာသာ မတ်တပ်ရပ်နေပေးဖို့ သဘောတူထားပါတယ်”ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ယွမ်ကွန်းက ပြောကြားခဲ့သည်။

ကြော်ငြာအစီအစဉ်တွင် ပါဝင်ခဲ့သည့် အသက်(၁၉)နှစ်အရွယ် ကျောင်းသူလေး ရှီယာယုက “ဘာမှ အမှားအယွင်း မရှိဘူးလို့ ကျွန်မထင်ပါတယ်။ ကျွန်မရဲ့ ခြေထောက်တွေပေါ်မှာ ကြော်ငြာသေးသေးလေးတစ်ခု ကပ်ရုံပဲ။ ဒီအတွက် ကျွန်မက ပိုက်ဆံရတယ်လေ။ ဒီအတွက် ဘာများ စိတ်ပူနေရမှာလဲ”ဟု မှတ်ချက်ပြုသွားသည်။ အင်တာနက်တွင်မူ ယခုလုပ်ရပ်သည် အရှက်မဲ့သော စတန့်ထွင်မှုအဖြစ် ဝေဖန်မှုများ ရှိနေသလို ထောက်ခံသူများလည်း ရှိနေကြောင်း သိရှိရသည်။

ACM Credit To:Planet Myanmar Network
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top