0

By mmweather.ygn, on May 21st, 2014

သိသိသာသာရွေ့လျားမှု မရှိပဲ ပိုမိုအားကောင်းလာသော INVEST 92B ၏ ယနေ့(မေလ ၂၁ ရက်) မြန်မာစံတော်ချိန် နံနက် ဝ၇းဝဝ နာရီ တိမ်တိုက်စုဖွဲ့ဖြစ်ပေါ်မှု အခြေအနေအား တွေ့မြင်ရသည့် ပုံဖြစ်ပါသည်။ INVEST 92B သည် ယခင် ကွန်ပျူတာမော်ဒယ်များမှ ခန့်မှန်းထားသည့် လမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားပြီး မူလခန့်မှန်းချက်ထက် ပိုမိုအားကောင်းလာနိုင်ကြောင်း ထပ်မံရရှိသည့် GFS ခန့်မှန်းချက်များတွင် တွေ့ရပါသည်။ ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမည်။

ယနေ့နံနက် ၆ နာရီခွဲတွင် ရရှိသည့် data များအရ INVEST 92B သည် ယမန်နေ့ညပိုင်းက အရှေ့ဘက်သို့ ချိုးကွေ့လာခဲ့ပြီး နံနက်ပိုင်းတွင် အနောက်-အနောက်မြောက်ဘက်သို့ ပြန်လည် ချိုးကွေ့သွားခဲ့ကြောင်းတွေရပါသည်၊ နောက်ဆုံးရ အချက်အလက်များအရ INVEST 92B သည် ကိုကိုးကျွန်းလေဆိပ် အနောက်ဘက် မိုင် ၁၅ဝ ခန့်၊ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၂၆ဝ ခန့်၊ လပွတ္တာမြို့ အနောက်-အနောက်တောင်ဘက် ၂၄၅ မိုင်ခန့်တွင် တည်ရှိနေပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းရပါသည်။(ပုံ-၁)

GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်များအရ ယနေ့ညနေပိုင်းတွင် ပိုမိုအားကောင်းလာပြီး ပုသိမ်မြို့၏ အနောက်ဘက် တည့်တည့် ပင်လယ်ပြင်သို့ ရောက်ရှိချိန်၌ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း တွေ့ရပါသည်။ (ပုံ-၂)

လေဖိအားနည်းဆဲလ် INVEST-92B
21 May 2014 0000Z
Location: 15.0 91.3
Winds: 25 knots
Central Pressure: 1003 hPa

ACM Credit To:MMweather Page
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top