0

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လုံခြုံရေး မြှင့်တင်ရန်အရှိန်နှုန်းတိုင်း ကင်မရာများနှင့် လမ်းနယ်နိမိတ် ဘေးအကာ Guard Rail များ ထပ်မံတပ်ဆင်ခြင်းလုပ်ငန်းကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ခေါ်ယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အမြန်လမ်းတွင် အရှိန်နှုန်းတိုင်းကင်မရာ လေးခု တပ်ဆင်မည်ဖြစ်ပြီး လမ်းနယ်နိမိတ် ဘေးအကာ ပေပေါင်း နှစ်သိန်းတစ်သောင်းကျော် တပ်ဆင်သွားမည်ဖြစ်ရာ တပ်ဆင်ခြင်းလုပ်ငန်းကို လမ်းပိုင်းအလိုက် တပ်ဆင်သွားမည်ဖြစ်သည်။

၎င်းလုပ်ငန်းများ လုပ်ကိုင်ခြင်းကို ရန်ကုန်-မန္တလေးအမြန် လမ်းပိုင်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က၂၀၁၄-၁၅ဘဏ္ဍာရေးနှစ်အတွက် ရရှိသောပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါလုပ်ငန်းများကိုစိတ်ပါဝင်စားသူ လုပ်ငန်းရှင်များအနေဖြင့် လျှောက်လွှာပုံစံများကို ရန်ကုန်- မန္တလေးအမြန်လမ်းပိုင်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့၊ အင်ဂျင်နီယာမှူးကြီး(မြို့ပြ) ရုံး၊ နေပြည်တော်(စီလမ်းဆုံ)တွင် မေလ ၂၆ ရက်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။

လျှောက်လွှာများကို ငါးရက် အတွင်းသာ လက်ခံမည်ဖြစ်၍ လုပ်ငန်းရှင်များမှာ မေ ၃၀ ရက် နောက်ဆုံးထားပေးပို့ရန် လိုအပ်ပြီး အဆိုပါ လျှောက်လွှာများကို ဇွန် ၂ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ EC ခန်းမ၊ ရုံးအမှတ်(၁၁)၌ တင်ဒါ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အမြန်လမ်းတွင် ယာဉ်မတော်တဆမှုများ အဖြစ်များပြီးနောက် အဆင့်မြှင့်တင်ရန်စီစဉ်နေခြင်းဖြစ်သည်။

ACM Credit To:7Day Daily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top