0

မောင်မန်း

ရန်ကုန်၊ မေ ၁၉

၁၅၀၀ ကျပ်တန် GSM ဆင်းမ်ကတ်များ ချထားပေးမှု လျော့နည်းလာခြင်းကြောင့် ပြင်ပပေါက်ဈေး အနည်းငယ် ပြန်လည်မြင့်တက်လာသည်ဟု ဈေးကွက်အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်များနှင့် အွန်လိုင်းဖုန်း အရောင်းအ၀ယ် ပြုလုပ်သည့် ၀က်ဘ်ဆိုဒ်များက မဇ္ဈိမကို ပြောသည်။

ယခုနောက်ပိုင်း သုံးလခန့်အတွင်း ချထားပေးသည့် ဆင်းမ်ကတ်များတွင် GSM ဆင်းမ်ကတ် ပါဝင်မှု နည်း လာသောကြောင့် ဈေးကွက်အတွင်းတွင် ဈေးတက်နေခြင်း ဖြစ်သည်ဟု အွန်လိုင်းမှတစ်ဆင့် ဖုန်းဆင်းမ် ကတ်များ ရောင်းချနေသည့် Online ဈေးကွက်စီးပွားရေး ၀က်ဘ်ဆိုဒ်မှ ဦးဇော်ဇော်က ပြောသည်။

ဦးဇော်ဇော်က “GSM က လာမယ့်လအတွက် ကတ်မထွက်သေးတာရယ်၊ သုံးလလောက် ကတ်မထွက် တော့တာကြောင့် ကြိုက်ရောင်းကြိုက်ဝယ် အနေအထားဖြစ်သွားတာပါ။ ပြင်ပပေါက်ဈေး ပြန်တက်လာပါ တယ်” ဟု ဆိုသည်။

၁၅၀၀ ကျပ်တန် GSM ဆင်းမ်ကတ်များကို ယခင်ပြင်ပပေါက်ဈေး ကျပ် ၆၀,၀၀၀ ခန့်ဝန်းကျင် ရောင်းချနေ ရာမှ လက်ရှိအချိန်တွင် ကျပ်တစ်သိန်းဝန်းကျင်အထိ ပြန်လည်မြင့်တက်လာပြီး CDMA ဆင်းမ်ကတ်များ အနေဖြင့်လည်း ကျပ် ၃၀,၀၀၀၀န်းကျင်မှ ကျပ် ၄၅,၀၀၀ ၀န်းကျင်အထိ ပြန်လည် မြင့်တက်လာသည်ဟု ဦးဇော်ဇော်က ဆိုသည်။

၎င်းက“အရင်ကတ်တွေထွက်နေတဲ့အချိန်ကGSMဆို ပြင်ပပေါက်ဈေး ခြောက်သောင်းဝန်းကျင်နဲ့ အရောင်း အ၀ယ် ဖြစ်နေပါတယ်။ အခုပြန်ပြီး ဈေးပြန်တက်လာတဲ့အချိန်မှာတော့ တစ်သိန်းဝန်းကျင်လောက် ရှိပါ တယ်”ဟု ဆိုသည်။

၁၅၀၀ ကျပ်တန် ဖုန်းဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ပြန်လည်မြင့်တက်လာသော်လည်း ရောင်းလိုအား နှင့် ၀ယ်လိုအား နှစ်ရပ်စလုံး နည်းပါးနေသည်ဟုလည်း ဦးဇော်ဇော်က ဆိုသည်။၎င်းက“ဖုန်းဆင်းမ်ကတ် ဈေးတွေသာ ပြန်တက်လာတာပါ။ ရောင်းလိုအားရော ၀ယ်လိုအားမှာပါ အရင်လောက် မရှိတော့ပါဘူး။ ရောင်းချင်တဲ့သူ လျော့လာသလို အ၀ယ်ဘက်ကလည်း ဈေးပေးပြီး မ၀ယ်ချင်တော့ဘူး”ဟု ပြောသည်။
ယင်းအပြင် မိုဘိုင်းဆင်းမ်ကတ်များ အရောင်းအ၀ယ် ပြုလုပ်နေသည့် ကိုမင်းအုပ်စိုးကလည်း ဆင်းမ်ကတ် ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာသည်ဟု ပြောသည်။

၎င်းက “ချပေးတဲ့ အနည်းအများပေါ် မူတည်ပြီး ဈေးအတက်အကျ ရှိနေတာပါ” ဟု ဆိုသည်။ လက်ရှိပြည် တွင်းတွင် မိုဘိုင်းအသုံးပြုသူ ရှစ်သန်းကျော် ရှိနေသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့်မူ တိုင်းနှင့်ပြည်နယ်များ၏ ဖုန်းသိပ်သည်းမှု လိုအပ်ချက်အလိုက် ဖုန်းဆင်းမ်ကတ်များ ဆက်လက် ချထားပေးသွားရန် လုပ်ဆောင်နေသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ် ငန်း၏ အထွေထွေ မန်နေဂျာက မဇ္ဈိမကို ပြောထားသည်။

ACM Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top