0

ACM Re-Post 29-5-2014

ကြီတို- အီကွေဒေါသမ္မတဟောင်းဂျမီလ်မာဟော့ဒ်အား အလွဲသုံးစားမှုဖြင့် မေလ ၂၉ ရက်တွင် အီကွေဒေါတရားရုံးက မျက်ကွယ်ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်သည်။ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (Interpol) သည် သမ္မတဟောင်းမာဟော့ဒ်ကို ဖမ်းဝရမ်းထုတ်ပြီးနောက် နှစ်ရက်အကြာတွင် အီကွေဒေါတရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မာဟော့ဒ်သည် အီကွေဒေါအစိုးရ၏စွပ်စွဲချက်များကို ငြင်းဆိုထားသည်ဟုသိရသည်။

အီကွေဒေါသမ္မတအဖြစ် တာယန်ထမ်းဆောင်ခဲ့သော ဂျမီလ်မာဟော့ဒ်သည် ၂၀၀၀ ပြည့်နှစ်တွင် စစ်တပ်အာဏာသိမ်းမှုနှင့်ရင်ဆိုင်ခဲ့ရပြီး အမေရိကန်နိုင်ငံသို့ထွက်ပြေးခဲ့သည်။ မာဟော့ဒ်သည် ၁၉၉၉ ခုနှစ် စီးပွားရေးပျက်ကပ်အတွင်း ၎င်းနှင့်ပတ်သက်သော ဘဏ်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကိုကာကွယ်ရန် ရက်အတော်ကြာအောင် ဘဏ်များပိတ်ရန်အမိန့်ထုတ်ခဲ့ခြင်းနှင့် သာမန်နိုင်ငံသား များ၏ ဘဏ်စာရင်းများကိုပိတ်ခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ယင်းအချိန်တွင် အီကွေဒေါနိုင်ငံသည် ကုန်ဈေးနှုန်းတက်ခြင်း၊ ငွေတန်ဖိုးကျခြင်းနှင့် ရေနံဈေးနှုန်းစံချိန်တင်ကျဆင်း ခြင်းတို့ကို ရင်ဆိုင်ခဲ့ရသည်။

မာဟော့ဒ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုကြောင့် ကြီးမားသောလူမှုဝရုန်းသုန်းကားအခြေအနေကိုဖြစ်စေခဲ့ပြီး ယနေ့အချိန်အထိ အီကွေဒေါနိုင်ငံသည် ယင်းအကျိုးဆက်ကိုခံစားနေရဆဲဖြစ်သည်ဟု အီကွေဒေါတရားသူကြီးစီမန်နာဗင်တီမီလာကပြောခဲ့သည်။ ယင်းစွပ်စွဲချက်များမှာ နိုင်ငံရေးအရတိုက်ခိုက်ခြင်းဖြစ်သည်ဟု သမ္မတဟောင်းမာဟော့ဒ်ကပြောကြားခဲ့သည်။ သို့ရာတွင် အီကွေဒေါ အစိုးရက မာဟော့ဒ်စွပ်စွဲချက်များကို ငြင်းပယ်ခဲ့ပြီး အီကွေဒေါတွင် နိုင်ငံရေးအရနှိပ်ကွပ်မှုမရှိဟု ပြန်လည်ချေပခဲ့သည်။

Ref: BBC

Aye Chan Mon Credit To: 7Day News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top