0
အင်တာနက်မှာ အချက်အလက် ရှာဖွေသူတွေ အနေနဲ့ မိမိကိုယ်ကို ထိခိုက်စေနိုင်တဲ့ သတင်းအချက်အလက် အဟောင်းတွေ၊ လက်ရှိ အခြေအနေနဲ့ မကိုက်ညီတော့တဲ့ သတင်းဟောင်းတွေကို ပယ်ဖျက်ပေးဖို့ အတွက် ဘယ်သူမဆို ဂူဂဲလ်လို အင်တာနက် ရှာဖွေရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို တောင်းဆိုခွင့် ရှိတယ်လို့ ဥရောပ တရားမျှတမှုဆိုင်ရာ တရားရုံးကနေ ဆုံးဖြတ်လိုက်ပါတယ်။

ဖျောက်ဖျက်ပစ်နိုင်ခွင့် right to be forgetten ဆိုတဲ့ ဒီ အခွင့်အရေး အတွက် အင်တာနက် ရှာဖွေရေး အင်ဂျင်တွေဟာ တချို့ တွေ့ရှိချက်တွေကို တည်းဖြတ်ပေးရမှာ ဖြစ်ပါတယ်။

ဒီအမှု စတင်ခဲ့တာကတော့ စပိန် နိုင်ငံသား တစ်ဦးဟာ ဂူဂဲလ်မှာ သူ့နာမည်ကို ရှာရာမှာ လွန်ခဲ့တဲ့ ၁၆ နှစ်က သတင်းစာ တစ်စောင်မှာ သူ့အကြောင်း ရေးထားတဲ့ ဆောင်းပါးကို ပြန်တွေ့ခဲ့ပြီး အဲဒီအချိန်က သူဟာ အကြွေးပေးစရာ ရှိလို့ အိမ်ကို ရောင်းခဲ့ရတယ်ဆိုတဲ့ အကြောင်း သတင်းစာမှာ ရေးထားတာ ဖြစ်ပါတယ်။ အဲဒီတုန်းက သူ့အဖြစ်ဟာ အခု သူ့အခြေအနေနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိတော့ဘူးလို့ အဲဒီ စပိန် အမျိုးသားက အရေးဆိုခဲ့တာ ဖြစ်ပါတယ်။

ဂူဂဲလ်ကတော့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ထိန်းချုပ်တာမျိုး လုပ်တာ မဟုတ်ဘဲ အင်တာနက်မှာ လွတ်လပ်စွာ ဖော်ပြထားတဲ့ သတင်း အချက်အလက်တွေရဲ့ လင့်ခ်ကိုသာ ဖော်ပြပေးတာ ဖြစ်တယ် လို့ ချေပ ပြောဆိုခဲ့ပါတယ်။

Aye Chan Mon# Credit To :BBC Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top