0
ကျနော်တို့ရုပ်ရှင်လောကသားများအနေဖြင့်အဓိကထမင်းအိုးသည်ဗီဒီယိုဖြစ်ပါတယ်..။လက်ရှိတစ်နှစ်ကိုဗီဒီယိုဇတ်ကားပေါင်း ၁၀၀၀ ကျော်ထွက်ရှိပါတယ်။တနည်းအားဖြင်ုတစ်နေ့ကိုဗီဒီယိုဇတ်ကား ၃ ကားတချို့နေ့တွေမှာ ၅ ကားထွက်ရှိနေပါတယ်။
ပရိတ်သတ်တောင်းဆိုမှုထက်ထွက်ရှိတဲ့ဇတ်ကားအရည်အတွက်ကအလွန့်ကိုများပြားနေပါတယ်။
ဗီဒီယိုလောကကြီးသက်ဆိုးရှည်စေဖို့ဆိုယင်
ထုတ်လုပ်သူ
ဖြန့်ချီသူ
ငှားရမ်းဆိုင်များ
ဒီဒေါက်သုံးခုခိုင်ပါမှရေရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ်။
ဒီ့အတွက်ကျနော်တာဝန်ယူစဉ်ကာလမှာထုတ်လုပ်သူပေါင်း ၁၀၀ ကျော်နဲ့ဆွေးနွေးညှိနှိုင်းပါတယ်။ပြီးတော့ကျနော့်ကိုမဲပေးတင်မြှောက်ထားတဲ့သရုပ်ဆောင်အလွှာကို ၇ ကြိမ်တိတိကျနော်ညှိနှုင်းခဲ့ပါတယ်။
ဒီကနေ့ထိပ်ဆုံးရေက်နေတဲ့ ပြေတီဦး၊နေတိုးတို့ကအစ လောကရေရှည်တည်တန့်ဖို့နဲ့၊ဇတ်ကားများအရေအတွက်လျှော့ချ၊အရည်အသွေးတိုးတက်လာစေဖို့တစ်လကိုမင်းသားတစ်ယောက် ၃ ကားစံနှစ်ကိုအများသဘောတူစည်းမျည်းထုတ်ခဲ့တာပါ။
ခုတော့.......
မင်းတို့ကြိုက်သလိုရိုက်
ကြိုက်သလိုထုတ်
ဒီသဘောပါလးမေးပါရစေ။
ခေတ်နဲ့မလျှော်ညီဘူးတဲ့လားးး
တကယ်တမ်းရုပ်ရှင်ကားကြီးတစ်ကားကိုရက် ၂၀ ဆုတာအလွန့်ကိုနည်းပါတယ်...။
တာဝန်ရှိသူများကိုမေးခွန်းတစ်ခုပဲမေးပါရစေ....
ကျနော်တို့နေ့စဉ်စားနေရတဲ့ထမင်းအိုးကိုခင်ဗျားတို့ရိုက်ခွဲလိုက်ပြီလားးးးးးး
၅၀၀၀ ကျော်သောလောကသားတွေရဲ့ကိုယ်စားကျနော်ဇင်ဝိုင်းကမေးပါပြီ.... ပြန်ဖြေပေးကြပါလားခင်ဗျာ

Zin Wyne

Aye Chan Mon# Credit To :Zin Wyne
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top