Author: မင်းဟိန်းကျော်
၁၉ နှစ်ကြာ ကျင်းပနိုင် ခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင် ပြန်လည် ကျင်းပခဲ့သည့် ပဉ္စမအကြိမ်ဂိုဏ်း ပေါင်းစုံသံဃာ့အစည်းအဝေးကြီး က သံဃာ့အဖွဲ့အခြေခံစည်းမျဉ်း မှ ခေတ်အခါနှင့် လိုက်လျောညီ ထွေရှိစေရန် အချက်ပေါင်း ၁၈ ချက် ကို ပြင်ဆင်နိုင်ခဲ့ပြီး သာသနာ တော်ထွန်းကားပြန့်ပွားရေးဆိုင် ရာ အဆို ကိုးခုကို အတည်ပြုဆုံး ဖြတ်မှုပြုခဲ့ကြောင်း သတင်းရရှိသည်။
‘‘အခုပြင်လိုက်တဲ့ သံဃာ့ စည်းမျဉ်းဆိုတာ လူလိုဆို အခြေခံဥပဒေပဲ။ ဒါကို ပြင်နိုင်တဲ့ အတွက် ဘုန်းကြီးအနေနဲ့ ၀မ်း မြောက်ဝမ်းသာဖြစ်မိတယ်။ မပြင်နိုင်တာ ၁၉ နှစ်ကြာပြီလေ။ ဒါကို ပြင်နိုင်ဖို့ကလည်း ဒီလိုဂိုဏ်း ပေါင်းစုံအစည်းအဝေးကြီးမှာပဲပြင်လို့ရတာပါ’’ဟု ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးသို့ တက်ရောက်လာသည့် မန္တလေး တိုင်းဒေသကြီးမှ ဦးဝိလာသက မိန့်ကြားသည်။
ပြင်ဆင်လိုက်သည့် သံဃာ့ အဖွဲ့အခြေခံစည်းမျဉ်းအရ ယခင် က တိကျစွာ ပြဋ္ဌာန်းထားခြင်းမရှိ သော ဂိုဏ်းပေါင်းစုံ သံဃာ့အ စည်းအဝေးကြီးကို ခြောက်နှစ် တစ်ကြိမ် ကျင်းပရန်နှင့် ပုံမှန်အားဖြင့် တပေါင်းလပြည့်အတွင်းကျင်းပရမည်ဟု ပြင်ဆင်ခဲ့ပြီးသံဃမဟာနာယကအဖွဲ့ အဆင့်ဆင့်၏သက်တမ်းကိုလည်းခြောက်နှစ်သက်တမ်းအဖြစ် သတ်မှတ်နိုင်ခဲ့သည်။
‘‘ဒီလို ပြင်ဆင်လိုက်တဲ့အ တွက် ဂိုဏ်းပေါင်းစုံ အစည်းအ ဝေးကို အကြာကြီး မလုပ်ဘဲ နေ လို့မရတော့ဘူး။ ခြောက်နှစ်တစ် ကြိမ် မလုပ်မဖြစ် လုပ်ရမယ်။ နောက်ပြီး သံဃနာယက သက် တမ်းကိုလည်း ပြင်လိုက်တဲ့အ တွက် ခြောက်နှစ်တာဝန်ထမ်း ဆောင်ပြီးလို့ သံဃာထုက မကြိုက်ဘူးဆိုရင် ဆက်အရွေးခံ ရမှာ မဟုတ်တော့ဘူး’’ ဟု သာ သနာရေးဝန်ကြီးဌာနမှတာဝန်ရှိ သူတစ်ဦးက ပြောသည်။
ထို့အပြင် သာသနာတော် တစ်ရပ်လုံးနှင့် သက်ဆိုင်သော အရေးကြီးသာသနာရေးကိစ္စများ ပေါ်ပေါက်လာပါက နိုင်ငံတော် သံဃနာယက အဖွဲ့၏ ဆုံးဖြတ် ချက်ကိုရယူကာ ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးပွဲကြီးကို အ မြန်ဆုံး ခေါ်ယူကျင်းပရမည်ဟု လည်း ပြင်ဆင်မှုပြုခဲ့သည်။
ယခု ၁၃ ရက်တွင် ကျင်းပ သော ဂိုဏ်းပေါင်းစုံ အစည်းအဝေးဒုတိယနေ့၌ ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ဂိုဏ်းအသီး သီးမှ သံဃာတော်များက သာသ နာတော်ဆိုင်ရာ အဆို ကိုးခုကို တင်သွင်းခဲ့ကြပြီး အဆိုများကို အတည်ပြုခဲ့သည်။
တင်သွင်းသော အဆိုများ တွင် သာသနာတော်ဆိုင်ရာ ဆောင်ရွက်မည့် သံဃာ့အသင်း အဖွဲ့များအား သံဃမဟာနာယ က အဖွဲ့သြ၀ါဒခံယူကာ တည် ထောင်ခွင့်ပေးခြင်း၊ သံဃ၀ိနိစ္ဆ ယအဖွဲ့များ၏ ဆုံးဖြတ်ချက်များ ကို လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အာဏာပိုင် အဖွဲ့အစည်းများက ကူညီဆောင် ရွက်ပေးရေး၊ ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းစာအုပ်များ၊ စာစောင်များ၊ အသံသွင်းခွေများကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က စိစစ် ခွင့်ပြုပြီးမှသာ ပြင်ပတွင် ထုတ် ဝေခွင့်ပြုရေးစသည့် အဆိုများ အပါအ၀င် အဆိုကိုးခုကို အတည်ပြုဆုံးဖြတ်နိုင်ခဲ့သည်။
‘‘နိုင်ငံတော်အစိုးရရဲ့ ပြောင်းလဲလိုက်တဲ့ စာပေစိစစ်ရေးမူဝါဒ အရ တင်ထုတ်ကနေ၊ ထုတ်တင် ပြောင်းလိုက်တာဟာ လောကီ စာပေတွေအတွက်တော့ ကောင်း ပါတယ်။ လောကုတ္တရာစာပေ တွေအတွက်တော့ ပိဋကတ် တော်နဲ့ မညီညွတ်တဲ့ အရေးအသားတွေ တာမရ၊ ဆီးမနိုင်ဖြစ် လာနိုင်တဲ့အတွက် သံဃမဟာ နာယကအဖွဲ့က စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုသင့်ပါတယ်’’ ဟု အဆိုတင်သွင်းသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မပါလဘိဝံသက မိန့်ကြားသည်။
လောကုတ္တရာဆိုင်ရာ ဘာ သာရေးစာပေများသည် အလွန် သိမ်မွေ့နက်နဲ၍ အတိမ်းအ စောင်းမခံနိုင်အောင် ခက်ခဲလှ သဖြင့် နိုင်ငံတော် သံဃမဟာနာ ယကအဖွဲ့သို့ စိစစ်ရန် ဦးစွာမတင်ပြဘဲ ထုတ်ဝေပြီးမှ တင်ပြပါမူ အဓမ္မ၀ါဒများ အလွန်ပြန့်ပွားကာ သန့်ရှင်းသော သာသနာတော် ကြီး ကွယ်ပျောက်သွားနိုင်ကြောင်း အထက်ပါ ဆရာတော်က မိန့်ကြား သည်။
တင်သွင်းသော အဆိုများ တွင် နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့၌ ပြည်ပရေးရာ အဖွဲ့ငယ် ဖွဲ့စည်းဆောင်ရွက်ရန် ကိစ္စနှင့် သံဃ၀ိနိစ္ဆယ ဆုံးဖြတ်ချက် (သံ ဃာတော်များနှင့် ပတ်သက်သည့် အမှုအခင်းဆိုင်ရာဆုံးဖြတ်ချက်) များကို အလျင်အမြန်အကောင် အထည်ဖော်နိုင်ရေးအတွက် အာ ဏာပိုင်အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးရေး ကိစ္စရပ်များ ကိုပါ အဆိုတင်သွင်းအတည်ပြု ခဲ့သည်။
Aye Chan Mon# Credit To :7Day News Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment