ဗီယင်တိန်း၊ မေ ၁၇
လာအိုနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီး အပါအဝင် ထိပ်တန်းစစ်ဘက် အရာရှိများ စီးနင်း လိုက်ပါလာသော စစ်လေယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
လာအိုနိုင်ငံ မြို့တော် ဗီယင်တိန်းမှ ထွက်ခွာလာသော အဆိုပါ စစ်ဘက် လေယာဉ်သည် မြို့တော်မှ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၁) အကွာရှိ ရှန်ခေါင်ပြည်နယ်ထဲသို့ ပျက်ကျသွားသည်ဟု ယူဆရသည်။
လေယာဉ်ပေါ်တွင် လာအို ကာကွယ်ရေးဝန်ကြီး ဒိုယန်ချေဖီချစ်နှင့် အခြားအရာရှိ ၂၀ ခန့် ပါသွားသည်ဟုလည်း ယူဆရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
၎င်းတို့သည် ရှန်ခေါင်ပြည်နယ်သို့ ဧည့်ခံပွဲတစ်ခု တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ဖွယ်ရှိပြီး ယခုကဲ့သို့ လေယာဉ် ပျက်ကျသွားပြီးနောက် လေယာဉ်ပေါ် ပါသွားသူများ၏ သေဆုံး၊ ဒဏ်ရာရ သတင်းကိုမူ ယခုအထိ မသိရသေးပေ။
ယမန်နှစ် အောက်တိုဘာလကလည်း လာအို လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ရာသီဥတု ဆိုးဝါးခြင်းကြောင့် မဲခေါင်မြစ်ထဲသို့ ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်ပါသူ လူ ၄၉ ဦးစလုံး သေဆုံးခဲ့ရသည်။
လူဦးရေ ခုနစ်သန်းခန့်သာ ရှိပြီး ကုန်းတွင်းပိတ် နိုင်ငံဖြစ်သော လာအိုနိုင်ငံသည် တစ်ပါတီ ကွန်မြူနစ်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်ကာ အာရှတိုက်အတွင်း အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
The Voice Weekly
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.