လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြတဲ့အခါမှာလည်း
ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံရတဲ့ လူကို
အကြောင်းပြုပြီးတော့ “ကုသိုလ်”တွေဖြစ်အောင်
ကြိုးစားကြရမယ်။
ကိုယ့်ကြောင့် သူလည်း ကုသိုလ်ဖြစ်၊
သူ့ကြောင့် ကိုယ်လည်း ကုသိုလ်ဖြစ်၊
အပြန်အလှန် “ကုသိုလ်စိတ်”တွေဖြစ်၊
“မေတ္တာစိတ်တွေ” ဖြစ်အောင် သတိနဲ့၊ ဉာဏ်နဲ့
ယှဉ်ပြီးတော့ နေထိုင်ကြရမယ်။
“မေတ္တာ”နဲ့ ထုံမွှမ်းထားတဲ့ ပေါင်းဆုံခြင်းဖြစ်မှသာလျှင်၊
လမ်းခွဲခြင်းကလည်း မေတ္တာနဲ့
ထုံမွှမ်းထားတဲ့ လမ်းခွဲခြင်းဖြစ်မယ်။
ဝမ်းနည်းစရာ မကောင်းတဲ့လမ်းခွဲခြင်း၊
အဆင့်အတန်းမြင့်တဲ့ လမ်းခွဲခြင်းတွေ
ဖြစ်ကြပါလိမ့်မယ်။
-【အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】
Dhamma Dãna Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm
Aye Chan Mon# Credit To : Young Buddhist's Association
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment