0

စိုးချစ်ချစ်ပိုင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၇)

ရန်ကုန်၊ ကမ္ဘာ့ရွှေဈေး ပိုမိုမြင့်တက် နေသော်လည်း ပြည်တွင်းရွှေဈေး အ နည်းငယ်သာ မြင့်တက်နေကြောင်း ပြည်တွင်းရွှေဈေးကွက်မှသိရသည်။
ဧပြီနောက်ဆုံးပတ်တွင် ကမ္ဘာ့ ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိ ကန်ဒေါ်လာ ၁၂၉ဝ ရှိပြီး မေ ၅ရက် တွင် ၁၃ဝ၉ ဒေါ်လာအထိ မြင့်တက် နေသော်လည်း ပြည်တွင်းရွှေဈေးမှာ ဧပြီနောက်ဆုံးပတ်၌ ၁၆ပဲရည်တစ် ကျပ်သားလျှင် ကျပ် ၆၆၂ဝဝဝ ရှိပြီး မေ ၅ ရက်တွင် ကျပ် ၆၆၄ဝဝဝ ဝန်း ကျင်ဈေးပေါက်သည်။

ရွှေလုပ်ငန်းရှင်များအသင်းမှ အ တွင်းရေးမှူးဦးကျော်ဝင်းက ''ကမ္ဘာ့ရွှေ ဈေးက ရက်ပိုင်းအတွင်း ၁ဝ ဒေါ် လာ၊ ၁၅ ဒေါ်လာလောက် မြင့်တက် သွားပေမယ့် ပြည်တွင်းရွှေဈေးကတော့ ၂ဝဝဝ၊ ၃ဝဝဝ ဝန်းကျင်ပဲ တက်တယ်။ အများကြီး မတက်ဘူး''ဟု ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။

ပြည်တွင်းရွှေဈေးနှုန်းမှာ ကမ္ဘာ့ ရွှေဈေးအတက်အကျပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိတတ်ခြင်း၊ ကမ္ဘာ့ ရွှေဈေးမြင့်တက်ခြင်းကြောင့် ပြည် တွင်းရွှေဈေး လိုက်ပါမြင့်တက်ခြင်း ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်အသိုင်း အဝိုင်းမှ သုံးသပ်သည်။

ပတ်ကားရွှေဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ''ပြည်တွင်းရွှေဈေးက ကျပ် ၁၅ဝဝ၊ ၂ဝဝဝ ဝန်းကျင်ပဲတက်တယ်။ အရမ်းကြီး သိသိသာသာ မတက်ဘူး၊ ရွှေဈေးမြင့်ပေမယ့် အရောင်းအဝယ် ကတော့ ပုံမှန်ပါပဲ''ဟုပြောသည်။
လက်ရှိရွှေဈေးကွက်တွင် ၁၆ ပဲ ရည်တစ်ကျပ်သား ကျပ် ၆၆၄ဝဝဝဈေး ပေါက်ပြီး ၁၅ ပဲရည်တစ်ကျပ်သား လျှင် ကျပ် ၆၂၆ဝဝဝ ဈေးပေါက်သည်။

Aye Chan Mon# Credit To :Yangon Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top