မင်းအောင်ခိုင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၇)
ရန်ကုန်၊ အလိုတော်ပြည့်ဘုန်းတော်ကြီး ကျောင်းတွင် ကသည်းလူမျိုးများ ရွာလုံး ကျွတ် ဗုဒ္ဓဘာသာထဲသို့ ဝင်ရောက်ခဲ့ ကြောင်း မောင်တောမြို့အရေးပေါ်နာ ရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။
အဆိုပါ ကသည်းလူမျိုးများသည် မောင်တောမြို့၏မြောက်ဘက်ပိုင်း ငါး ရံ့ချောင်းကျေးရွာတွင် နေထိုင်သူများ ဖြစ်ပြီး ယင်းကျေးရွာတွင် လူဦးရေ ၃၃၇ ဦးရှိကြောင်း၊ ယင်းတို့သည် မေ ၆ ရက်တွင် ရွာလုံးကျွတ်ဗုဒ္ဓဘာသာထဲ သို့ ဝင်ရောက်ခဲ့ကြောင်း၊ ရဟန်း ၁၈ ပါးကိုလည်း တစ်ခါတည်းခံယူခဲ့ကြောင်း သိရသည်။
''သူတို့က ဘင်္ဂလားနယ်စပ်ဘက် က ဝင်လာကြတာ။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က ခေါ်ပြီးတော့ ရွာတည်ပြီး တော့ထားခဲ့တာ သူတို့က ဘာမှမကိုး ကွယ်ဘူး'' ဟု ဦးစိုးဝင်းကပြောသည်။
ကသည်းလူမျိုးများသည် ဟိုးယ ခင်ရခိုင်ဘုရင်လက်ထက်၌ လေးသည် တော်များအဖြစ်ဖြင့် အမှုတော်ထမ်း ဖူးခဲ့ကြောင်း၊ သူတို့၏မူလဇာတိဖြစ် သည့် အာသံမဏိပူရမှ ဆင်းသက်လာ သည့် အိန္ဒိယမျိုးနွယ်ဝင်လူမျိုးတစ်မျိုး ဖြစ်ကြောင်း၊ မြောက်ဦးမြို့နယ်မဲဆန္ဒ နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းလှိုင်က ဆိုသည်။
Aye Chan Mon# Credit To :Yangon Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.