ရန်ကုန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုရှိ မြို့နယ်အချို့မှ ကဏ္ဍစုံ၊ အ လွှာစုံရှိ လုပ်ငန်းပေါင်း ၃ဝဝဝကျော် ကိုစစ်တမ်းကောက်ယူခဲ့ရာ လုပ်ငန်း များ၏ ၈ဝ ရာခိုင်နှုန်းကျော်သည် နည်း စနစ်မမှန်ကန်သော ချေးငွေစနစ်ကို သာအသုံးပြုနေရကြောင်း သိရသည်။
မြန်မာနိုင်ငံကုန်သည်များနှင့် စက် မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကောက်ယူခဲ့သော ''၂ဝ၁၄ ခုနှစ် မြန်မာ့ Business Survey '' အရ လုပ်ငန်းများ ၏ ထက်ဝက်ကျော်သည် ငွေကြေးအ ကူအညီများလိုအပ်နေပြီး သုံးပုံတစ်ပုံ သည် ပြင်ပ ကြွေးမြီများရှိနေသည်ဟု ဆိုသည်။
ခန့်မှန်းခြေအားဖြင့် ၁ဝ ရာခိုင် နှုန်းလောက်သော လုပ်ငန်းရှင်များသာ လျှင် ငွေကြေးလိုအပ်မှုများကို ၄င်းတို့ ၏လက်ရှိထိန်းသိမ်းထားသောငွေများ ထဲမှလည်ပတ်နေကြသည်ဟုလည်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။
လုပ်ငန်းအများစုသည် ပျှမ်းမျှအား ဖြင့် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့်ချေး ငှားနေကြသည်။ ငါးရာခိုင်နှုန်းသော လုပ်ငန်းရှင်များသည် ပေါင်နှံမှုအတွက် နှစ်ရာခိုင်နှုန်းသောအတိုးကိုပေးပြီး ကျန်ငါးရာခိုင်နှုန်းသောလုပ်ငန်းများ မှာမူ အတိုးနှုန်း ၃ဝ ရာခိုင်နှုန်းကိုပေး ဆောင်နေရခြင်းသည် တရားဝင်ငွေချေး ယူမှုဈေးနှုန်းများဖြစ်ပြီး သမဝါယမ အသင်းများနှင့် အသေးစားငွေချေးလုပ် ငန်းများ၏ သတ်မှတ်ဈေးနှုန်းများဖြစ် သည်ဟုလည်း ယင်းစစ်တမ်းတွင်ရေး သားထားသည်။
၂ဝ၁၄ ခုနှစ် မြန်မာ့ Business Survey ကောက်ယူမှုအရ လုပ်ငန်း ရှင်အနည်းစုသာလျှင် ဘဏ်စနစ်ကို သုံးစွဲနေပြီး ၂၇ ရာခိုင်နှုန်းမှာ ဘဏ် စနစ်ကိုလုံးဝသုံးစွဲခြင်းမရှိဘဲ ၅ဝ ရာ ခိုင်နှုန်းခန့်သည် ကာလတိုငွေစုစာရင်း များ သုံးစွဲလျက်ရှိသည်ဟု ဆိုသည်။
ကုန်သည်စက်မှုအသင်းမှအဖွဲ့ ဝင် ဦးမြင့်ဇော်က ''ဒီစစ်တမ်းက အ တည်လို့ပြောလို့မရဘူး။ ဒါကိုကြည့်ပြီး တော့လဲ အလုပ်လုပ်လို့မရဘူး။ ဒါက လက်တွေ့သုံးလို့ဖြစ်နိုင်သှောကမလနပ ကိုအစပျိုးဖို့ရန်လုပ်ဖို့အတွက် ကောင်း မွန်အောင်လုပ်တှဲ့ကမလနပ လို့ပြော လို့ ရတယ်''ဟုပြောသည်။
ယင်းစစ်တမ်းအား ၂ဝ၁၄ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ UMFCCI , OECD နှင့် UNESCAP တို့မှ ပထမ ဆုံးသော မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာအားဖြင့်ပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့သည့် မြန်မာ့စီးပွားရေးဆိုင်ရာ ကွင်းဆင်းလေ့လာဆန်းစစ်အစီရင်ခံ ပြုစုရေးစီမံကိန်းအားအကောင်အထည် ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းကဲ့သို့လေးလကြာကောက် ယူပြီးမှရရှိခဲ့သည့် ယခုစစ်တမ်းအား ဘတ်ဂျက်အနေဖြင့် အမေရိကန်ဒေါ် လာတစ်သိန်းသုံးစွဲခဲ့ကြောင်းလည်း သိ ရသည်။
ကောက်ယူခဲ့သည့်စစ်တမ်းများ အရ ထက်ဝက်ခန့်သည် ငွေကြေးအရင်း အမြစ်လုံလောက်မှုမရှိ၍ ၃၆ ရာခိုင် နှုန်းသောလုပ်ငန်းများမှာ ချေးငွေရယူ နေရကြောင်း ယင်းစစ်တမ်းက ဖော်ပြ ထားသည်။
အဆိုပါစစ်တမ်းအား ပြည်နယ် နှင့်တိုင်းဒေသကြီး ၁၄ ခုမှမြို့ကြီးများ၊ နေပြည်တော်၊ နယ်စပ်ကုန်သွယ်မှုအ များဆုံးပြုလုပ်ရာ မြို့ကြီးများဖြစ်သည့် မူဆယ်၊ မြဝတီ၊ ကော့သောင်းနှင့်တမူး၊ ရောင်းဝယ်ဖောက်ကားမှုအားကောင်း သည့်မြို့ကြီးများဖြစ်သည့် ကလေး၊ ဖ လမ်းနှင့်ဟားခါး စသည့်မြို့များတွင် ကောက်ယူခဲ့ပြီး အမျိုးအစားလုပ်ငန်း ပေါင်းစုံ ၃ဝဝဝ ကျော်အားကောက် ယူထားခြင်းဖြစ်သည်။
Aye Chan Mon# Credit To :Yangon Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.