0

******************************************
မင်းဟိန်းထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ်
********************************************
ရန်ကုန်၊ ယာဉ်မတော်တဆမှုများဖြစ် ပွားနေသည့် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနှင်နေသူများကို ပိုမိုအရေးယူ နိုင်ရန် အမြန်နှုန်းတိုင်းတာသည့် စက် အလုံးနှစ်ဆယ်နှင့် ယာဉ်အရှိန်တိုင်း ကိရိယာလေးလုံး ထပ်မံတပ်ဆင်သွား မည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးကြီး နေဝင်းက ပြောသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးတွင် တစ်နာရီ ကီလို၁ဝဝအတွင်း သာ မောင်းနှင်ခွင့်ပြုထားသော်လည်း စည်းကမ်းမဲ့မောင်းနှင်သူများကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ် နေသဖြင့် အရှိန်ပြင်းမောင်းနှင်နေသူ များကို ယခုထက် ပိုမိုအရေးယူနိုင်ရန် တပ်ဆင်ရခြင်းဖြစ်ကြောင်း သိရသည်။
''လောလောဆယ်မှာ စက်တွေ ကို မှာထားပါတယ်။ ဘယ်တော့စတပ် မယ်ဆိုတာ အတိအကျတော့ ပြောလို့ မရသေးပါဘူး''ဟု ရဲမှူးကြီးနေဝင်းက ပြောသည်။
ယခုလက်ရှိတွင် အမြန်လမ်းမကြီး ပေါ်၌ အမြန်နှုန်းတိုင်းတာရေးစက် ၁၄ လုံး၊ ရွေ့လျားစစ်ဆေးနိုင်သည့် ယာဉ် အရှိန်တိုင်းကိရိယာနှစ်လုံး တပ်ဆင် ထားကြောင်း သိရသည်။
အမြန်နှုန်းတိုင်းတာသည့်စက် သည် လမ်းဘေးတွင် အသေစိုက်ထား ခြင်းဖြစ်ပြီး မောင်းလာသည့်ယာဉ်၏အရှိန်ကို အရောင်များဖြင့် ပြခြင်းဖြစ် ပြီး ကီလို ၁ဝဝ အထက် မောင်းနှင်ပါ က အနီရောင်၊ ကီလို၁ဝဝ အောက်မောင်း နှင်ပါက အစိမ်းရောင်ဖြင့် ပြသခြင်းဖြစ် သည်။
အဆိုပါအမြန်နှုန်းတိုင်းတာရေး စက်များကို မိုင်တိုင် ၁၁ မှစတင်ကာ မိုင်တိုင် ၃၅၂ အတွင်းတပ်ဆင်ထား ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ရုံးမှ သိ ရ သည်။ ယာဉ်အရှိန်တိုင်းကိရိယာသည် ကားများပေါ်တွင်တင်၍ လိုက်လံတိုင်း တာရခြင်းဖြစ်ပြီး ¤င်းစက်တွင် ရေဒါ စနစ်ပါဝင်ကာ အရှိန်နှုန်း ကီလိုမီတာ ၄ဝဝအထိ မှတ်သားနိုင်ကြောင်း သိရ သည်။
အဆိုပါယာဉ်အရှိန်တိုင်းကိရိယာ ဖြင့် ၂ဝ၁၃ခုနှစ်တွင် သတ်မှတ်အရှိန် နှုန်းထက် မောင်းနှင်သည့်ယာဉ် ၂ဝ၇၃ စီး ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း အ မြန်လမ်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်စိုးဝင်းက ပြောသည်။
အမြန်နှုန်းတိုင်းတာရေးစက်များ ကို ထိုင်းနိုင်ငံမှတင်သွင်းခြင်းဖြစ်ပြီး ငွေ ကျပ်သိန်း၎ဝခန့်ရှိကြောင်း၊ ယာဉ်အ ရှိန်တိုင်းကိရိယာသည် အမေရိကန်ဒေါ် လာ ၇ဝဝဝဝခန့်တန်ဖိုးရှိပြီး သြစတြေး လျနှင့်မလေးရှားနိုင်ငံမှတင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါအမြန်လမ်းမကြီးတွင် စည်း ကမ်းမဲ့မောင်းနှင်မှုများကြောင့် ၂ဝ၁၃ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၂၅၉ မှုဖြစ်ခဲ့ပြီး ၁၁၃ဦး သေဆုံးကာ ၆၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန် လမ်း ရဲတပ်ဖွဲ့ရုံးစာရင်းများအရ သိရ သည်။
အရှိန်လွန်မောင်းနှင်သည့်ယာဉ် များကို ၂ဝ၁၃ခုနှစ် ဧပြီလမှစတင်ကာ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ပြီး ဒဏ်ငွေ အဖြစ် ရန်ကုန်နှင့်မန္တလေးမြို့တွင် ကျပ် ၃၁၅ဝဝ၊ နေပြည်တော်တွင် ကျပ်၁၅ဝဝ ပေးဆောင်ရသည်။
----------------------------------------------------------------------
----------------------------------------------------------------------

Yangon Times Journal | အတွဲ ၁၀ - အမှတ် ၁၇

Aye Chan Mon# Credit To :Yangon Times Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top