0

ACM Re-Post 29-5-2014
Author: ဇော်မျိုးလှိုင်

တက္ကသိုလ်ဆရာ/ဆရာမများ၏ ရာထူးတိုးနှင့် နေရာအပြောင်းအရွှေ့ကိစ္စများ ကို အမြန်ဆုံးကြေညာချက်ထုတ် ပြန်ပေးရန်တက္ကသိုလ်ဆရာများ အသင်းက တောင်းဆိုလိုက်သည်။

ပညာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဒေါက်တာခင် စန်းရီ၊ အဆင့်မြင့်ပညာရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ ချုပ်များ၊ ဒုပါမောက္ခချုပ်များနှင့် အထက်မြန်မာပြည်ရှိ တက္ကသိုလ် များမှ ကိုယ်စားလှယ်များမေလ၂၈ ရက်တွင် တက္ကသိုလ်စိန်ရတုခန်းမ၌ တွေ့ဆုံခဲ့သော်လည်းအဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ တိကျ စွာပြောကြားခြင်းမရှိကြောင်း သ တင်းရရှိသည်။

‘‘သူတို့က စဖိတ်ကတည်းက လူတွေကို ရွေးပြီးဖိတ်တယ်။ ပြီး တော့ Transfer တို့၊ရာထူးတိုးတာ တို့ကို ပရိုဂျက်တာနဲ့ပဲ ရှင်းပြသွား တယ်။ ဘယ်နေ့ဘယ်ရက်ထုတ် ပြန်ပေးမယ်ဆိုတာမျိုးတိတိကျ ကျ ဘာမှပြောမသွားဘူး။ သူတို့ ပြောတာကိုပဲ နားထောင်ပြီး ထောင်ချီတဲ့ ဆရာ၊ ဆရာမတွေ ရဲ့ အရေးကိစ္စကိုအချိန်တစ်နာရီ ခွဲလောက်နဲ့ ရှင်းပြသွားတယ်။ပွင့် လင်းမြင်သာမှုလည်းဘာမှမရှိသ လို ဒီမိုကရေစီစံနှုန်းနဲ့လည်း ဘယ်လိုမှမကိုက်ညီဘူး’’ဟု အ ဆိုပါညှိနှိုင်းဆွေးနွေးပွဲကို တက် ရောက်ခဲ့သည့် တက္ကသိုလ်ဆရာ များအသင်းမှ ဆရာတစ်ဦးကပြောသည်။ ယခင် ပညာရေးဝန်ကြီး ဒေါက်တာမြအေးလက်ထက်တွင် တက္ကသိုလ်ဆရာ၊ ဆရာမများ၏ ရာထူးတိုးနှင့် နယ်အပြောင်းအ ရွှေ့ကိစ္စများမှာတစ်နှစ်အတွင်း ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံး နယ်အ ပြောင်းအရွှေ့မှာ တစ်နှစ်ခွဲခန့်ကြာမြင့်ပြီဖြစ်သည်။ သို့သော်လည်း ယနေ့အထိ ရာထူးတိုးနှင့် နယ်အ ပြောင်းအရွှေ့ကိစ္စများကြေညာ ချက်ထွက်ပေါ်လာခြင်းမရှိခဲ့သေး ပေ။ ‘‘Transfer ကို ဘယ်လိုအ မြန်ဆုံးထွက်လာဖို့ကိုဝိုင်းပြီးအ ဖြေရှာကြရမယ်။ နောက်ပြီးနေရာ အပြောင်းအလဲကိစ္စတွေမှာ လည်း သက်ဆိုင်ရာဆရာ၊ ဆရာ မတွေကို သူတို့နဲ့နီးတဲ့ တက္ကသိုလ် တွေမှာ နေရာချပေးသင့်တယ်။ ဝေးလံတဲ့ တက္ကသိုလ်တွေမှာ တာ ၀န်ကျတော့အသွားအပြန်တင်အ ချိန်တွေအများကြီးကုန်ပြီး လူပင် ပန်းဖြစ်ရတယ်’’ဟု ရန်ကုန်မြို့မှ တက္ကသိုလ်ဆရာတစ်ဦးကပြော သည်။

ရာထူးတိုးနှင့် နယ်အပြောင်း အရွှေ့ကိစ္စများကြေညာချက်များ ထွက်ပေါ်လာခြင်းမရှိသော ကြောင့် နယ်မှ တက္ကသိုလ်ဆရာ၊ ဆရာမမျာသည် နေရာအပြောင်း အရွှေ့ကို စောင့်မျှော်နေကာ ၀န်ထုပ်ဝန်ပိုးများဖြစ်ခြင်း၊ ၎င်းတို့၏ သားသမီးများကျောင်းအပ် ရာသီရောက်သော်လည်း ကျောင်းအပ်နှံရခြင်းမရှိသေးခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရ သည်။

‘‘သူတို့က Transfer လုပ်ရ မယ်ဆိုတော့ အပ်ထားတဲ့ကျောင်း ကနေ ကလေးကိုထုတ်ထား တယ်။ အခုလည်း ကလေးတွေ ကျောင်းအပ်ရာသီရောက်နေပြီ Transfer မကျသေးတော့ ထုတ် ထားတဲ့ကျောင်းကိုလည်း ပြန်အပ် လို့မရ တော်တော်ဒုက္ခရောက် ကြရတယ်’’ဟု ညှိနှိုင်းဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သည့် တက္က သိုလ်ဆရာတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့များတွင် တက္ကသိုလ်များ စုစုပေါင်း ၆၀ကျော်ရှိပြီး တက္က သိုလ်ဆရာ၊ ဆရာမများ၏ ရာ ထူးတိုးနှင့် နေရာအပြောင်းအလဲ ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များ ကို အဓိကဦးတည်၍ အလွန်ဝေး လံသည့် နယ်မြို့များဖြစ်သည့် ထားဝယ်၊ စစ်တွေ၊ မြစ်ကြီးနား၊ ကလေးစသည့်မြို့များတွင် တစ် နှစ်၊ အထိုက်အလျောက်ဝေးလံ သည့်နယ်မြို့များဖြစ်သည့် လွိုင် ကော်၊ ဘားအံအစရှိသည့်မြို့များ တွင် ၂နှစ်နှင့် ရန်ကုန်မြို့နှင့်နီး သည့်မြို့များဖြစ်သည့် ပဲခူး၊ ဟင်္သာတ၊ မအူပင်အစရှိသည့်မြို့များတွင် သုံးနှစ်တာဝန်ထမ်းဆောင်၍ ဇာ တိမြို့သို့ ပြန်လည်တာဝန်ထမ်း ဆောင်ရလေ့ရှိကြောင်း သတင်းရ ရှိသည်

Aye Chan Mon Credit To: 7Day News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top