0

ရန်ကုန်၊ ACM Re-Post 29-5-2014

မန္တလေးတိုင်း ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသသို့ ယခုနှစ် ပထမ ငါးလအတွင်း ပြည်ပခရီးသည် ဝင်ရောက်မှုသည် ယခင်နှစ် ပထမ ငါးလထက် တစ်သောင်းကျော် ပို၍ လာရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန (ပုဂံ ရုံးခွဲ) ထံ စုံစမ်းသိရသည်။

၂၀၁၃ နှစ်၏ ဇန်နဝါရီမှ မေလအထိ ပထမ ငါးလအတွင်း ပြည်ပနိုင်ငံခြားသား ခရီးသွား ၉၅,၅၀၅ ဦး ဝင်ရောက်ခဲ့ရာမှ ၂၀၁၄ ခုနှစ် အလားတူ ကာလအတွင်း ၁၀၈,၈၁၇ ဦး ဝင်ရောက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အဆိုပါ ဒေသသို့ ဥရောပနိုင်ငံများဘက်မှ ပြင်သစ်နှင့် ဂျာမနီ နိုင်ငံသားများ ဝင်ရောက်ခဲ့ပြီး အာရှနိုင်ငံများမှ တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံသားများ အများဆုံး ဝင်ရောက်ခဲ့ကြောင်း အဆိုပါ ဌာန၏ ဧည့်သည် အဝင်စာရင်းအရ သိရသည်။

“အခုနှစ်တော့ နိုင်ငံခြားသား ခရီးသွားတွေ ပုဂံဒေသကို ပိုသွားကြတယ်” ဟု Sun Far ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာခရီးသွား လုပ်ငန်းသည် မျှော်မှန်းထားသည်ထက် ပိုမို တိုးတက်လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ဗီယက်နမ် နိုင်ငံတွင်လည်း အဓိကရုဏ်းများ ဖြစ်ပွားနေသဖြင့် ဥရောပနိုင်ငံ အစိုးရများက ၎င်းတို့ နိုင်ငံသားများကို ထိုနိုင်ငံများသို့ သွားရောက် လည်ပတ်ခြင်း မပြုရန် တားမြစ်ထားမှုကြောင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မှု များပြားနိုင်ကြောင်း မြန်မာခရီးသွား လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအေးကျော်က မှတ်ချက်ပြု ပြောကြားသည်။

ပုဂံဒေသသို့ ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၁၂၀,၁၉၄ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၈၇,၇၉၆ ဦး၊ ၂၀၁၃ တွင် ၁၉၆,၃၆၅ ဦး ရှိခဲ့ပြီး၂၀၁၄ ခုနှစ်၏ ဇန်နဝါရီလမှ မေလအထိ ၁၀၈,၈၁၇ ဦး အထိ ရှိခဲ့သည်။

(အောင်သီဟ)

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top