0

မေသော်

သူနဲ့ကိုယ် တွဲလာတာ လေး ၊ ငါးလဖြစ်နေပြီ ဒါမှမဟုတ်လည်း သုံး၊ လေးလပေါ့။ ဒီအတောအတွင်း သူ့သူငယ်ချင်းတွေနဲ့ တစ်ခါမှ မဆုံဖူးသေးဘူး။ သူကတော့ သူငယ်ချင်းတွေအကြောင်း မေးရင် ပြောပြပါတယ်။ ဒါပေမယ့် တွဲလာတာ ဒီအချိန်ရှိနေပြီဆိုတော့ သူ့သူငယ်ချင်းတွေဟာ ဘယ်လိုအကျင့်စရိုက်မျိုးတွေနဲ့လည်းဆိုပြီး စိတ်က သိချင်လာရော။ ဒီလိုအချိန်မျိုးမှာ တစ်ချို့ယောင်္ကျားလေးတွေက ကိုယ့်သူငယ်ချင်းနဲ့ချစ်သူကို ပေးမဆုံတာ အကြောင်းပြချက်တစ်ချို့ ရှိနေ တတ်ပါတယ်။ အဲ့ဒါတွေက ဘယ်လိုအရာတွေလဲဆိုတာ ကြည့်ကြရအောင်။

၁။ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်ချစ်သူ ပေးတွေ့ရမှာ ရှက်လို့။

ကောင်မလေးနဲ့ ရည်းစားဖြစ်တာ လပိုင်းပဲရှိသေးတယ်။ ဟိုကောင်တွေနဲ့ တွဲလာတာ သူငယ်တန်းကတည်းက။ ပြောမနာ ဆိုမနာတွေဆိုပေမယ့် ဒီကောင်တွေရဲ့ အကျင့်စရိုက်၊ ပြောပုံဆိုပုံနဲ့ဆို ငါ့ချစ်သူကတော့ ဒီကောင်တွေကြားမှာ ၅မိနစ်တောင် သည်းခံနေနိုင်ပါ့မလား။ ဘယ်လိုလုပ်ရပါ့မလဲ။

၂။သူငယ်ချင်းတွေနဲ့ဆို ချစ်သူနဲ့တုန်းကလို မဟုတ်တော့ဘူး။ အကျင့်တွေက ပေါ်ကုန်ရော။

ကောင်မလေးနဲ့ ရှိချိန်ဆိုရင်တော့ ပြောဆိုနေထိုင်ပုံက ခပ်အထာကျကျပေါ့။ သူငယ်ချင်းတွေနဲ့ကတော့ ဘယ်လိုမှ ရုပ်တည်နဲ့ နေနိုင်မှာမဟုတ်ဘူး။ ပြောကြဆိုကြနဲ့ ငါ့ကောင်မလေးတော့ ငါ့သူတို့နဲ့ ပြောဆိုပုံတွေကို ကြည့်ပြီး စိတ်ပျက်တော့မှာပဲ။ ငါ့ကိုလည်း အထင်သေးသွားနိုင်သေးတယ်။

၃။သူငယ်ချင်းတွေက ဟိုမေး၊ ဒီမေးနဲ့ သိပ်ဝေဖန်တတ်လွန်းလို့။

ချစ်သူနဲ့ မိတ်ဆက်ပေးတာတော့ ဟုတ်ပါပြီ။ ကိုယ့်ကောင်မလေးကို ဟိုမေး၊ ဒီမေးနဲ့ ဝေဖန်တာမျိုးတွေ လုပ်တာမျိုးတော့ မကြိုက်ဘူး။ မတွေ့ပေးပဲ နေတာမှ ခပ်ကောင်းကောင်းရယ်။

၎။ကိုယ်တောင် သူတို့နဲ့ ဒီလောက် မရင်းနှီးတာ။

ကျောင်းတုန်းက သူငယ်ချင်းဆိုတာလည်း မတွေ့ဖြစ်တော့ဘူး။ အလုပ်ကလူတွေကလည်း မေးထူးခေါ်ပြောရယ်။ ကိုယ့်ချစ်သူနဲ့ တွေ့ပေးရလောက်အောင် ဘယ်သူနဲ့မှ အဲ့ဒီလောက်မခင်တာ။

၅။သူငယ်ချင်းတွေက ပါတီကြိုက်တဲ့သူ၊ အရက်သောက်မယ်၊ ဆေးခြောက်ရှုမယ်ဆိုတဲ့ သူတွေချည်းပဲ။

ကောင်မလေးနဲ့ ပေးတွေ့လိုက်ပြီဆိုရင် သေချာတယ်။ ပါတီလုပ်ဖို့ ပြောမယ်။ ကဲမယ်၊ သောင်းကျန်းမယ်ဆိုပြီး ငါ့ရည်းစားကိုပါ အတင်းဆွဲခေါ်တော့မှာ။ ဒီပုံစံနဲ့ ကောင်မလေးနဲ့ မဖြစ်သေးပါဘူး။

၆။သူငယ်ချင်းတွေက အနီးအနားမှာ တစ်ယောက်မှ မရှိတော့ဘူး။

ရှိသမျှ သူငယ်ချင်းတွေ အကုန်လုံး နိုင်ငံခြားမှာချည်းပဲ။ ဆိုရှက်နက်ခ်ဝက်ခ်ပေါ်မှာပဲ သူတို့တွေကို မိတ်ဆက်ပေးလိုက်ရမလား။

၇။သူလည်း ငါ့သူငယ်ချင်းတွေနဲ့ တွေ့ချင်မှာ မဟုတ်ပါဘူးလို့ ထင်မိလို့။

ငါ့ချစ်သူကတော့ တစ်ခါမှ ငါ့သူငယ်ချင်းတွေနဲ့ ပေးတွေ့ဖို့ မပြောဘူး။ သူ့ပုံစံကြည့်ရတာ ငါ့သူငယ်ချင်းတွေနဲ့လည်း ဆုံချင်ပုံမပေါ်ပါဘူးလေ။

၈။သူ့သူငယ်ချင်းတွေနဲ့လည်း မဆုံဖူးသေးလို့။

ရည်းစားသက်တမ်း လေး၊ ငါးလရှိနေပြီ။ သူ့သူငယ်ချင်းတွေနဲ့ တစ်ခါမှ ပေးမတွေ့ဘူး။ တော်ပါပြီ။ ငါလည်း ငါ့သူငယ်ချင်းတွေနဲ့ အထူးတလည် မိတ်ဆက်မပေးတော့ပါဘူး။

၉။ကိုယ့်နာက်ကြောင်းတွေများ သိသွားမှာစိုးလို့။

ဟိုကောင်တွေနဲ့ တွေ့ရင်တော့ ငါ့ကောင်မလေးကို ငါ့အကြောင်းတွေ အကုန်ဖောက်သည်ချတော့မှာပဲ။ အရင်ကောင်မလေးတွေ အကြောင်းလျှောက်ပြောနေမှ ပြဿနာ။

၁၀။သူငယ်ချင်းအကုန်လုံးနဲ့ မိတ်ဆက်ပေးရလောက်တဲ့အထိ အရေးမပါလို့။

သူနဲ့တွဲသာတွဲနေတာ။ အဲ့ဒီလောက်တော့ သံယောဇဉ်မရှိသေးဘူး။ အချိန်ကြာတော့မှပဲ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလိုက်တော့မယ်။ နို့မို့ဆို အားလုံးနဲ့ခင်သွားပြီး အဲ့ဒီလောက်လည်း တစ်ယောက်နဲ့တစ်ယောက်မဟုတ်သေးပဲ ချည်ပြီးတုပ်ပြီး ဖြစ်နေလိမ့်မယ်။

Ref:cosmopolitan.com

ACM Credit To:Trend Myanmar
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top