0

ACM Re-Post 26-5-2014
အေကေ ၊ Flower News Journal အတွဲ(၁၀) အမှတ် (၂၀)

ရန်ကုန်၊ မေ ၂၄- ထိုင်းနိုင်ငံ၌ စစ်တပ်မှ အာ ဏာသိမ်းလိုက်ပြီးနောက်တွင် ယင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအနေဖြင့် ညမထွက်ရအမိန့် ကြောင့် လတ်တလောတွင် အခက်အခဲအချို့နှင့် ရင်ဆိုင်နေရကြောင်းသိရသည်။
ဘန်ကောက်အနီးတစ်ဝိုက်ရှိ စက်ရုံ များတွင် အလုပ်လုပ်ကိုင်နေရသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများမှာ ထိုင်းစစ်တပ်၏ အာ ဏာသိမ်းမှုဖြစ်စဉ်ကြောင့် လုံခြုံရေးတင်းကျပ်မှု များ၊ စစ်ဆေးမေးမြန်းခံရမှု များပြားလာခြင်းများ၊ အချိန်ပိုဆင်းရခြင်းများ မရှိတော့ခြင်းကြောင့် ဝင် ငွေထိခိုက်မှု ရှိလာကြောင်းသိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အဖွဲ့အစည်းမှမဦးက ''ကာဖျူးအမိန့်ကြောင့် OT မဆင်းရတော့တာ သေချာတယ်။ တချို့စက်ရုံတွေ မှာဆိုရင် ဆန္ဒပြရက်ကြာလာတော့ ပြည်ပဖောက် သည်တွေ ပျက်လာတယ်။ အကျိုးဆက်အနေနဲ့ အလုပ်ရုံက အော်ဒါမရှိတော့ အလုပ်သမားတွေ ကို လျှော့ချလာရတာတွေရှိလာတယ်။

ပြီးတော့ အလုပ်ချိန်လျှော့လာတာမျိုးလဲရှိတယ်။ အခုဆို ရင် စစ်တပ်က အာဏာသိမ်းလိုက်တော့ ၅နာရီ ထိုး ဆိုတာနဲ့အိမ်ပြန်ပဲ။ ဒါပေမဲ့ အလုပ်သမားတွေ အိမ်ပြန်ရောက်ဖို့ဆိုရင် အသွားအပြန်ကားကျပ် တာတွေ ပြီးတော့ စစ်တပ်က အာဏာသိမ်းပြီး နောက် ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် စစ် ဆေးမှုတွေ ခံလာရတာတွေများလာတော့ သူတို့ သတ်မှတ်ထားတဲ့အချိန် အပြင်မှာမရှိဖို့ အိမ်ကို အချိန်မီပြန်ရတာ အခက်အခဲတွေရှိလာခဲ့တယ်'' ဟု ပြောသည်။

ထို့အပြင် ဘန်ကောက်၌ အလုပ်လုပ် ကိုင်နေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားမကေ သီခိုင်က စစ်တပ်မှ အာဏာသိမ်းပြီးနောက်တွင် ယာဉ်လိုင်းများကလည်း စောစောသိမ်းလိုက်သည့် အတွက် အချိန်မီအိမ်ပြန်ရန် အခက်အခဲရှိလာ ကြောင်း၊ ¤င်းအပြင် မြန်မာရွှေ့ပြောင်းအလုပ်သ မားဆိုလျှင် စစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း၊ မိမိတို့တွင်ရှိသည့် အလုပ်သမားဆိုင်ရာ စာရွက် စာတမ်းများ ပြနေရသလို ငွေကြေးဘတ် ၁ဝဝ ခန့်ပေးနေရခြင်းများရှိနေကြောင်း ပြောခဲ့သည်။

ဘန်ကောက်မြို့အနီး မဟာချိုင်ရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများမှာ စစ်တပ်ကအာ ဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်မှာထိခိုက် မှုမရှိကြောင်း မဟာချိုင်ရှိ CP စက်ရုံတွင်အလုပ် လုပ်ကိုင်နေသည့် ကိုအောင်ကျော်ကပြောသည်။

ထို့အပြင် စက်ရုံများတွင်နေထိုင်ကာ အလုပ်လုပ်သူများအနေဖြင့် အချိန်ပိုဆင်းရလျှင် လည်း စက်ရုံတွင်းမှာပင် နေထိုင်ရသည်ဖြစ်ခြင်း ကြောင့် ထိုင်းစစ်တပ်မှထုတ်ပြန်သည့် ညမထွက် ရ အမိန့်မှာ အကျိုးသက်ရောက်မှုမရှိကြောင်း ယင်းက ပြောခဲ့သည်။

ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးရှုပ်ထွေး မှု ရှိနေသည့်အပြင် ညမထွက်ရအမိန့်ကြောင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် စစ်တပ် က ချမှတ်ထားသည့် စည်းကမ်းအတိုင်းနေထိုင် ရန် ထိုင်းရောက်မြန်မာအဖွဲ့အစည်းမှ အသိ ပေးထားပြီး ယင်းနိုင်ငံ၏ဥပဒေအပေါ်ချိုးဖောက် မိလျှင် ထောင်ဒဏ် ၁ဝနှစ်အထိ ချမှတ်ခံရနိုင် ကြောင်း အသိပေးမှုပြုလုပ်ထားသည်။

Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top