ACM Re-Post 26-5-2014
အမေရိကန်နိုင်ငံရဲ့အကြီးဆုံး အွန်လိုင်းကနေ ပစ္စည်းတွေ ရောင်းချတဲ့ Amazon ကုမ္ပဏီဟာ မောင်းသူမဲ့လေယာဉ်တွေနဲ့ ပစ္စည်းတွေကို အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ဖို့ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ကြားပြီးတဲ့ နောက်ပိုင်းမှာ အိန်္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ ပီဇာမုန့်ဆိုင် တစ်ဆိုင်က မောင်းသူမဲ့ လေယာဉ်တွေနဲ့ ဖောက်သည်တွေဆီကို အိမ်အရောက်ပို့ဆောင်ပေးဖို့ ၀န်ဆောင်မှု အစီအစဉ်ကို စတင်စမ်းသပ်မှု ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ ပေါင်(၁၁၀၀)တန်ဖိုးရှိ မောင်းသူမဲ့ လေယာဉ်ကိုဝယ်ယူပြီး (၁ ဒသမ ၅) ကီလိုမီတာ အကွာအဝေးရှိတဲ့နေရာကို ပီဇာမုန့် ပို့ဆောင်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ပါတယ်။
တကယ်လို့ ဒီနည်းသာ အဆင်ပြေခဲ့မယ်ဆိုပါက အနာဂတ်မှာ အသုံးပြုသွားဖို့ ရည်မှန်းထားပါတယ်။ စားသုံးသူတွေဟာ မှာယူထားတဲ့ ပီဇာမုန့်တွေကို လတ်လတ်ဆတ်ဆတ် စားသုံးနိုင်မှာ ဖြစ်တဲ့အပြင် ပီဇာမုန့်ပို့ဆောင်ရာမှာလည်း လမ်းခရီးမှာကားပိတ်ဆို့မှုတွေ ဘေးကနေရှောင်လွှဲနိုင် မှာ ဖြစ်တာမို့ အချိန်တိုအတွင်း စားသောက်နိုင်တဲ့ အကျိုးကျေးဇူးကို ရရှိမှာဖြစ်ပါတယ်။ မွမ်ဘိုင်းမြို့ရှိဖရန့်ဆက်စ္စကို ပီဇာဆိုင်ဟာ မောင်းသူမဲ့လေယာဉ် နဲ့ မုန့်ပို့မှုလုပ်ငန်းကို စတင်စမ်းသပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီဆိုင်ရဲ့ အမှုဆောင်ချုပ် မီခေးလ်ရာဂျာနီက ဒီစမ်းသပ်မှုကိုပြီးခဲ့တဲ့ မေ(၁၁) ရက်က စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ မောင်းသူမဲ့လေယာဉ် အမျိုးအစားကတော့ Four-Rotor ဖြစ်ပြီးလာမယ့် ငါးနှစ်အတွင်းမှာ အကောင်းဆုံးဖြစ်အောင် ပြုလုပ် သွားဖို့ ရည်မှန်းထားပါတယ်။ ဒါပေမဲ့ နည်းပညာဆိုင်ရာ အခက်အခဲတွေ တွေ့ကြုံနေရဆဲဖြစ်ပါတယ်။ မောင်းသူမဲ့လေယာဉ်ဟာ အများဆုံး (၈) ကီလိုမီတာအထိသာ သွားရောက်နိုင်ပါတယ်။ ဒါ့အပြင် မောင်းသူမဲ့လေယာဉ်ကို ပေ (၄၀၀)ထက်ပိုပြီး မောင်းလို့မရတဲ့ တားမြစ်ချက်ကြောင့် ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ အခက်အခဲတွေများစွာ ရှိနေရတယ်လို့ သိရပါတယ်။
Aye Chan Mon Credit To:Messenger News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment