0

ACM Re-Post 26-5-2014

အဆိုပါ နှစ်သောင်းကျော်တွင် အများစုမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ အလုပ်ကြမ်းသမားများ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။၎င်း တို့အထဲတွင် ရန်ကုန်မြို့ရှိ လယ်ယာမြေများတွင် လုပ်ကိုင်သူများလည်းရှိကြောင်း သိရသည်။ သားသမီး၊ မိသားစု၊ အလုပ်အကိုင်နောက်ကို လိုက်လာရင်းရရာ အလုပ်ဝင်လုပ် ရတာပေါ့။ အလုပ်အကိုင် အခွင့်အလမ်း အဆင်ပြေတာက ရန်ကုန်ဖြစ်နေတော့ ရန်ကုန်ကို ရွှေ့ပြောင်းလာကြတာပါ။ ယာယီအိမ်ထောင်စုဇယားနဲ့ နေထိုင်ကြပါတယ် ဟု ရန်ကုန်တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးကြည်လင်း က The Messenger သတင်းစာသို့ပြောသည်။ နယ်က လာရောက် အလုပ်လုပ်ကိုင်သူ များအား မြေပြင် ကွင်းဆင်း၍ စစ်တမ်းသဘောမျိုး ကောက်ယူရာတွင် ဧပြီလ သန်းခေါင်စာရင်း မကောက်မီက ကောက်ယူထားသော စာရင်းဇယားထက် လူဦးရေ ငါးရာကျော် ပို၍ တိုးလာကြောင်းလည်း မြေပြင် စာရင်း ကောက်ယူခဲ့သူ (လ.၀.က) ၀န်ထမ်းများ က ဆိုသည်။
ယင်းနေထိုင်သူများသည် မိသားစုထဲမှ တစ်ဦးတစ်ယောက်က ရန်ကုန်တွင် အစိုးရအလုပ် (သို့မဟုတ်) ခိုင်မာသော အလုပ်တစ်ခု ရရှိပြီး၊ နေထိုင်နေရာမှ နယ်တွင် ကျန်ခဲ့သော မိသားစုဝင်များအားခေါ်ယူ၍ အလုပ်လုပ်ကိုင်ခိုင်းသော ဓလေ့ရှိကြကြောင်း သိရသည်။ သို့သော် ၎င်း တို့သည် မိမိမူလ နေထိုင်ရာဒေသများကို မစွန့်လွှတ်ဘဲ ရန်ကုန်တွင် ယာယီ အိမ်ထောင်စု ဇယားဖြင့်သာ နေထိုင်လေ့ ရှိကြောင်း လ.၀.က က ၀န်ထမ်းများက ဆိုသည်။
ဒီဟာက နိုင်ငံတိုင်းလိုလိုမှာ ဖြစ်နေတဲ့ အနေအထားပါ။ တောကမြို့ကိုတက်ပြီး စက်မှုလုပ်ငန်းတွေနဲ့ အခြား လူအင်အားသုံးရတဲ့ နေရာ တွေမှာလည်း လာလုပ်ကြတာ၊ နယ်မှာ မြေယာခွဲဝေမှုနဲ့ စိုက်ပျိုးရေးထုတ်လုပ်မှု တန်ဖိုးနိမ့်လာလို့ ရောက်လာကြတာ၊ မြို့ပြရဲ့ လည်ပတ်နေတဲ့ အစိတ် အပိုင်းမှာ တွေအဖြစ် ပါဝင်နေကြတာတွေပေါ့။ မြို့ပြအတွက် ကောင်းပါတယ် ဟု စီးပွားရေး ပညာရှင် ဒေါ်ရီရီမြင့် က The Messenger သတင်းစာသို့ ပြောသည်။
အဆိုပါ ရန်ကုန်သို့ လာရောက်နေထိုင်ကြသူများထဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ လာရောက်လုပ်ကိုင်သူ များပြားကြောင်း၊ ယင်းတို့သည် ရန်ကုန်မြို့ရှိ အနောက်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်တို့တွင် နေထိုင်သူ များပြားပြီး၊ ကျန်ခရိုင် များတွင်လည်း နေထိုင်ကြ ရှိကြောင်း လ.၀.က ၀န်ထမ်းများက ဆိုသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကျေးလက်နေထိုင်သူ (၇၀) ရာခိုင်နှုန်းရှိပြီး၊ မြို့ပြ နေထိုင်သူ (၃၀) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

Aye Chan Mon Credit To:Messenger News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top