0

ACM Re-Post 26-5-2014

ဝန်ကြီးများမှ ပေးထားသော ကတိများမလုပ်နိုင်မှုကို စိစစ်ပြီး အမှန်တကယ် လုပ်ကိုင်နိုင်ရန်တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ဌေးက ပြောသည်။

ကျင်းပပြီးစီးခဲ့သည့် လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းထားသော မေးခွန်းများ၊ အဆိုများနှင့် ပတ်သက်ပြီး ၀န်ကြီးများက ကတိက၀တ်ပေးခဲ့သော်လည်း ယနေ့ထိဆောင်ရွက် ပြီးစီးနိုင်မှုမရှိသေးသောကြောင့် ယခုကဲ့သို့ စိစစ်ကာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်း ကပြောသည်။

ကျွန်တော်တို့ ၀န်ကြီးဌာနတွေက ဘာလို့ ဒီလိုကျန်နေတာလဲ ဆိုတာတွေကို စစ်ထုတ်နေတယ်။ အစိုးရ အဖွဲ့ က ပြောတယ်။ ကတိတွေနဲ့ ပက်သက် ပြီးတော့ တွန်းအားပေးလုပ်နေတယ် ပြောတယ်။ ခုလတ်တလောက မတွေ့ရသေးဘူ။ ဒီလိုတွေ ဖြစ်နေတာကို စိစစ်ပြီးတော့ လုပ်နေတယ်။ ဆောင်ရွက်ပြီးစီးမှုတွေကို လွှတ်တော် ကျင်းပနေချိန်တွင်းမှာ အစီရင်ခံစာတင်သွင်းမယ် ဟု ၎င်း က ဆက်ပြောသည်။

ဝန်ကြီးဌာနများကပေးထားသော အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသို့ ချိတ်ဆက် ဆောင်ရွက် ခြင်းမျိုး မရှိသော်လည်း တစ်လကို နှစ်ကြိမ်လောက်သာ၊ ထိုဆောင်ရွက်မှုများကို ကော်မတီသို့ တင်ပြမှုများရှိပြီး မပြီးပြတ်သေးမှုက များကြောင်း ဦးခင်မောင်ဋ္ဌေး က ဆိုသည်။

ဝန်ကြီးတွေက လွယ်လွယ်နဲ့ ကတိတွေပေးတယ်။ တကယ်တမ်း မလုပ်နိုင်ကြဘူး။ ကတိတွေပေးပြီးတော့ ဆောင်ရွက်ဖို့ စိတ်မ၀င်စားတာ လားဆိုတာတော့ သူတို့ပဲသိမယ် ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင်သာပိတ် က ပြောသည်။

လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကြာလာပြီ ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များမေးမြန်းသည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးရန် ကတိက၀တ်များ ပြောကြားသွားခဲ့သော်လည်း ပြေလည်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသဖြင့် ၀န်ကြီးများနေဖြင့် ကတိပြုပြောကြားခဲ့သော စကားများ လွှတ်တော် သက်တမ်း မကုန်မီ အပြီးဆောင်ရွက်ရန် ကျင်းပပြီးစီးခဲ့သည့် အမျိုးသားလွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌ က ဆိုခဲ့သည်။

ပထမကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ စတင်၍ သတ္တမ ပုံမှန်အစည်းအဝေးထိ ၀န်ကြီးဌာနများမှ တင်သွင်းခဲ့သည့် အဆိုများကို ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်အခြေအနေများမှာ ကြယ်ပွင့်ပြမေးခွန်းများတွင် ကတိဖြစ်ပေါ်ခဲ့မှု (၇၄၇)ခု၊ ဆောင်ရွက် ပြီးစီးမှု ၄၉၂ခု၊ ဆောင်ရွက်ဆဲ (၂၁၄)ခု၊ ကတိဖြစ်ပေါ်ပြီး ဆောင်ရွက်ရန်ကျန် ၄၁ ခုတို့ဖြစ်ကြောင်း ကတိက၀တ်ကော်မတီ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းကြောင်းအဆိုကို ၀န်ကြီးဌာနများမှ ကတိဖြစ်ပေါ်မှု (၉၈)ခု၊ ဆောင်ရွက်ပြီးစီးမှု (၆၉) ခု၊ ဆောင်ရွက်ဆဲ (၂၉) ခုတို့ဖြစ်ပြိး၊ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်မပြ မေးမြန်းသည့် မေးခွန်းများကို ၀န်ကြီးဌာနများမှကတိဖြစ်ပေါ်မှု(၅၈၅)ခု၊ ဆောင်ရွက်ပြီးစီးမှု (၃၂၅) ခု၊ ဆောင်ရွက်ဆဲ (၂၂၈) ခု၊ ဆောင်ရွက်ရန်ကျန်ရှိမှု (၃၂)တို့ကို ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

Aye Chan Mon Credit To:Messenger News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top