ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ သြဂုတ်လ ၁ရက်နေ့ကနေ ၉ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် U-12 International လူငယ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တိုကျိုမြို့ တော်လက်ရွေးစင်အသင်းအတွက် လူငယ် ဘောလုံးသမား ၂၃ ယောက် ရွေးချယ်ရာမှာ မြန်မာ လူငယ် မောင်ကောင်းဇံမရလည်း ရွေးချယ်ခံရပါတယ်။
ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသား မိဘ၂ဦးကနေ မွေးဖွားခဲ့ပြီး ဂျပန်မူလတန်း ဆဌမတန်း ပညာကို သင်ယူနေတဲ့ မောင်ကောင်းဇံမရဟာ အခုလက်ရှိ BUDDY SC EDO SOCCER ကလပ်အသင်းမှာ ဂိုးသမားတဦးအဖြစ် ပါဝင် ကစားနေသူပါ။ ဖခင်က မြန်မာ့လက်ရွေးစဉ် ဘောလီဘော အားကစားသမားဟောင်း ဦးမြတ်သူ၊ နိုင်ကျဉ်းဟောင်း မိခင် ဒေါ်ကြူကြုဝင်း၊ ညီမငယ်တို့နဲ့အတူ ဂျပန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - ဇော်ဇော်လှိုင်
Aye Chan Mon# Credit To :DVB TV News
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment