Author: အေးမွန်ရာပြည့်
ဧရာဝတီမြစ်ကို နိုင်ငံ တကာနှင့် သက်ဆိုင်သောမြစ် (International River)ဟု သုံးနှုန်း မိခဲ့သည့်အတွက် ပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်ပါက တောင်းပန်ကြောင်း ကမ္ဘာ့ဘဏ် မှ တာဝန်ရှိသူက ပြောကြား သည်။
ဧရာဝတီမြစ်ကြောင်းတစ် လျှောက် စီမံခန့်ခွဲမှုများပြုလုပ် နိုင်ရေး ကမ္ဘာ့ဘဏ်က ချေးငွေ ထုတ်ပေးရန် အသေးစိတ်လေ့ လာစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး နောက် ဧရာဝတီမြစ်ကို Inter−national River ဟု သုံးနှုန်းမိခဲ့ သည့်အတွက် မေလ ၁၆ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် ဧရာဝတီမြစ် ဘက်စုံမြစ်ဝှမ်းစီမံ ခန့်ခွဲမှုစီမံကိန်းအတွက် အထက် မြန်မာပြည်မှ သဘာဝပတ်ဝန်း ကျင်အရေးအဓိကဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် တောင်းပန်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်သွားတယ်ဆိုရင် တောင်းပန်ပါတယ်။ စိတ်မကောင်းလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ Safeguard(ကာကွယ်ပေးရေး) ပေါ်လစီအရ နိုင်ငံတွေရဲ့ သဘာဝသယံဇာတတွေ၊ သစ်တောတွေကို ကာကွယ်ဖို့ထည့်သွင်းစဉ်းစားဖို့ တာဝန်ရှိတာကြောင့် ဒီထဲက ပညာရပ်စကားလုံးကို သုံးရတာဖြစ်ပါတယ်’’ဟု ကမ္ဘာ့ဘဏ်အဖွဲ့အစည်းမှ တာဝန်ရှိသူကပြောကြားသည်။
ကမ္ဘာ့ဘဏ်က ချေးငွေပေးရန် ရေးဆွဲထားသော စီမံကိန်း အဆိုပြုလွှာတွင် ဧရာဝတီမြစ် ရေဝေရေလဲနှင့် ပတ်သက်၍ ဖော်ပြမှုကိုပညာရှင်များကြား အငြင်းပွားမှုရှိသည်။
‘‘သူတို့က နိုင်ငံတကာမြစ်ဖြစ်တယ်။ မြန်မာမြစ် မေခနဲ့ မလိခကို တရုတ်အမည် ဒါရင်း−ဂျီယမ်ကို သုံးနှုန်းထားတယ်။ ဒီမြစ်ဟာ တရုတ်ကစသလိုလို လုပ်ထားတယ်။ လုံးဝလက်မခံပါဘူး။ ကမ္ဘာ့ဘဏ်က ဘာသဘောနဲ့အဆိုပြုလွှာမှာ ရေးတာလဲ။ ဖျက်ပေးပါလို့ ပြောထားတယ်။ မဖျက်ပေးဘူးဆိုရင် သူကူညီတဲ့ သန်း၁၀၀ ကိစ္စကို လုံးဝကန့်ကွက်ပါတယ်’’ ဟု အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအဖွဲ့ဝင်ဦးအုန်းက ပြောကြားသည်။
ဧရာဝတီမြစ်မှာ တရုတ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ မျှဝေယူ ထားသည့် အပြည်ပြည်ဆိုင်ရာ မြစ်တစ်စင်းဖြစ်ကြောင်း၊ ယင်း မြစ်ကို မြစ်ဖျားခံသည့် တရုတ် ပြည်ဘက်မှ ဒါရင်းနှင့်ဂျီယန်းဆို သည့် မြစ်လက်တက် နှစ်သွယ် သည် တရုတ်မှ စီးဆင်းလာပြီး အိန္ဒိယ နိုင်ငံအတွင်း မြစ်ဖျားခံ သည့် မြစ်လက်တက်တစ်ခုသည် လည်း ဂျီယန်းမြစ်အတွင်းသို့ ထပ် မံစီးဝင်နေသည်ဟု ကမ္ဘာဘဏ် ၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားခဲ့သည်ဟု ယင်းဝက် ဘ်ဆိုက်သို့ ၀င်ရောက်လေ့လာခဲ့ သည့် မန္တလေးမြို့အခြေစိုက်စိမ်း ရောင်စိုအဖွဲ့မှ ကိုမောင်မောင်ဦး ကပြောသည်။
မြန်မာနိုင်ငံအတွက် ဧရာဝ တီမြစ်နှင့် ပတ်သက်သည့်ကိစ္စရပ် များမှာ အလွန်ထိလွယ်ရှလွယ် သောကြောင့် ပြည်သူများအားလုံး က စောင့်ကြည့်နေသည်ကို သိရှိ ကြောင်း၊ ထို့ကြောင့် ယင်းစကား လုံးများကို လက်ရှိ အချိန်တွင် အင်တာနက် ၀က်ဘ်ဆိုက်တွင် လုံးဝပယ်ဖျက်မှုများပြုလုပ်ထားပြီးဖြစ်ကာ အဆိုပါ ပညာရပ် စကားလုံးနေရာတွင် ကမ္ဘာ့ဘဏ် ၏ ကာကွယ်ပေးရေးမူဝါဒနှင့် ကိုက်ညီသော အခြားစကားလုံး များကို ပြန်လည်ပြင်ဆင်သွား မည်ဖြစ်သည်ဟုဆိုသည်။
ပထ၀ီဝင် အနေအထားအရ ကြည့်ပါက ဧရာဝတီမြစ်အား မြန် မာနိုင်ငံအနေဖြင့် ၉၉ဒသမ ၇ရာ ခိုင်နှုန်းသာပိုင်ဆိုင်နေကြောင်း၊ တရုတ်ပြည်ဘက်မှ မြစ်လက် တက်နှစ်ခုနှင့် အိန္ဒိယပြည်ဘက်မှ မြစ်လက်တက်တစ်ခုတို့မှာ မေခ မြစ်အတွင်းသို့ စီးဝင်နေသည့်အ တွက် ၀ ဒသမ ၃ရာခိုင်နှုန်းမှာ အခြားနိုင်ငံများဘက်မှ ဖြစ်နေ ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူကဆိုသည်။
ဧရာဝတီမြစ်တစ်နေရာကို တွေ့ရစဉ်။ ဧရာဝတီမြစ်ထိန်းသိမ်းရေး ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်းတစ်ရာချေးရန် အခြေအနေကောင်းနေသည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
Aye Chan Mon# Credit To :http://7daydaily.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment