ACM Re-Post 31-5-2014
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်း ဘင်ဒရိုဘင် ခရိုင်မှာ
ညနေ ၄ နာရီလောက်က အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်မှူး Col KM Saiful Islam ကို
ကိုးကားပြီး ဘင်္ဂလာဒေ့ရှ် သတင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာဟာ မြန်မာဘက် မောင်တောမြို့နယ်
မြောက်ပိုင်းမှာ ဖြစ်ပါတယ်။တိုက်ပွဲက ၄၅ မိနစ်ခန့် ကြာပြီး
အသေအပျောက် သတင်းတွေနဲ့ ပတ်သက်လို့တော့ မသိရသေးပါဘူး။
သူတို့ဘက်က နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိ တစ်ယောက် ပျောက်ဆုံး
နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြောနေတဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မေလ
၂၈ ရက်နေ့က နှစ်ဘက် တိုက်ပွဲ ဖြစ်အပြီး အခုတဖန် တိုက်ပွဲ ဖြစ်ပွား
တာပါ။အဲဒီနေ့က တိုက်ပွဲမှာ RSO သူပုန်အဖွဲ့ကလို့ ယူဆရသူ တစ်ယောက်ကို မြန်မာဘက်က အသေဖမ်းမိထားပြီးအလောင်း
ကလည်း မြန်မာဘက်မှာ ရှိနေတယ်လို့ မြန်မာအစိုးရက ပြောပါတယ်။
အဲဒီ သေဆုံးသူနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ပြောဆိုမှုတွေကတော့ ကွဲလွဲနေပါတယ်။ သေဆုံးသူ အလောင်းကို စစ်ဆေးဖို့နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာနယ်ခြား ကော်မီတီကို ဆက်သွယ် အကြောင်းကြားလာတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့
ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး
မင်းအောင်က ဘီဘီစီကို ပြောပါတယ်။
အခုလို တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက် နှစ်ဘက် နယ်စပ်အခြေအနေ တင်းမာနေလို့ ဒေသခံတွေက စိုးရိမ်ပူပန်နေကြပေမယ့် ရဲမှူးကြီး မင်းအောင်ကတော့ ဒီကိစ္စကို နယ်စပ် လုံခြုံရေး တာဝန်ခံတွေ
ဖြေရှင်းလိုက်ရင် ပြေလည်သွားမှာပါလို့ ပြောပါတယ်။
သတင်း- BBC Burmese.
Aye Chan Mon Credit To: Kyaw Swar Myint
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment