0
လူတစ်ယောက်ကိုတကယ်ချစ်မိသွားပြီဆိုရင် ကိုယ်ပျင်းနေတဲ့အချိန်မှစကားသွားပြောနေတတ်တာ
မဟုတ်ပါဘူး မအားရင်တောင်မှသူ့အတွက်အချိန်ခဏ
လေးဖဲ့ပေးနေတတ်တာမျိုးပါ...

ကိုယ့်အတွေးတွေအထဲမှာသူရှိနေတယ်ဆိုတဲ့
အသိလေးတွေနဲ့ပြည့်စုံနေသလို ခံစားနေရတတ်တဲ့
ခံစားမှုမျိုးပါ...

တစ်ခြားကိစ္စတစ်ခုကြောင့်စိတ်ညစ်နေရတာတောင်
သူနဲ့စကားပြောတဲ့အချိန်မှတော့ အကောင်းဆုံး
အဆင်ပြေအောင်ပြောနေတတ်တာမျိုးပါ...

အထီးကျန်နေတဲ့အချိန် အခက်ခဲဖြစ်နေတဲ့အချိန်မှ
သူ့ကိုလိုအပ်တာမျိုးမဟုတ်ပဲ ကိုယ်အနားမှာအချိန်တိုင်း
ရှိနေခိုင်းစေချင်နေတတ်တာမျိုးပါ...

ကိုယ့်ဘဝအတွက်အရမ်းအရေးပါတဲ့လူတစ်ယောက်
အဖြစ်သတ်မှတ်ပြီး မျက်ရည်ကျနိုင်အောင်အထိ
စွမ်းဆောင်နိုင်သူမျိုးပါ...

လူတစ်ယောက်ကိုတကယ်ချစ်မိသွားခဲ့ရင် ပျော်ရွှင်စရာ
တွေကိုမျှဝေခံစားနေတတ်ပြီး ကြေကွဲဝမ်းနည်းမှုတွေကို
လဲအတူတကွရင်ဆိုင်ဖြေရှင်းနေတတ်တာမျိုးပါ...

Phoe Phyu

Aye Chan Mon# Credit To : Poem
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top