0


မန်ချက်စတာ စီးတီး ၄ - ၀ အက်စတန် ဗီလာ

မန်စီတီးအသင်းဟာ အက်စတန်ဗီလာကို နိုင်လိုက်တဲ့အတွက် ပရီမီယားလိဂ် ဇယားထိပ်ကို ပြန်ရောက်လာပြီး နောက်ဆုံးကျန်တဲ့ ပွဲမှာ သရေကျရင်တောင် ဖလားရဖွယ် ရှိပါတယ်။ ဒီပွဲမှာ မန်စီးတီးက ဒုတိယပိုင်းမှာပဲ ၄ ဂိုးစလုံးသွင်းခဲ့ပြီး ဂျက်ကိုက ပထမ ၂ ဂိုးသွင်းကာ နောက်ဆုံးဂိုးကိုတော့ ယာယာ တိုရေက သွင်းယူခဲ့ပါတယ်။

အခုဆိုရင် ပရီမီးယားလိဂ် ဖလားအတွက် မန်စီးတီး နဲ့ လစ်ဗာပူးလ် ၂ သင်းပဲ ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ အသင်းအားလုံးဟာ နောက်ဆုံးကျန်တဲ့ ပွဲအတွက် တပြိုင်နက်တည်း ကန်ရမှာဖြစ်ပြီး မန်စီးတီး နဲ့ ၀က်စ်ဟမ်း၊ လစ်ဗာပူးလ်နဲ့ နယူးကာဆယ်တို့ တွေ့ကြမှာ ဖြစ်ပါတယ်။

Aye Chan Mon# Credit To : BBC Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top