ရဲလင်းထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၉)
ရန်ကုန်၊ လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင် သာမှုရှိသည့်ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင် ရေးအတွက် ဥပဒေကို လေးစားလိုက်နာရန် နှင့် ဥပဒေအောက်တွင်ရှိရန်လိုအပ်ကြောင
မေ၁၅ရက်က Sky Star ဟိုတယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ''ဘာတွေကအားနည်းနေသလဲ။ ဘာ တွေက အားသာပြီး ဘာတွေကိုဆက်ထိန်းမလဲ။ အားနည်းတာကိုပြင်၊ အားသာတာတွေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကို ကျင်းပပေးမယ်။ လွတ်လပ် တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစေဖို့ ဥပဒေ ကို လေးစားလိုက်နာဖို့လိုသလို ဥပဒေအောက် မှာ နေဖို့လိုပါတယ်''ဟု ပြောကြားသည်။
နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်တို့တွေ့ဆုံပွ
ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဒေါက်တာမနန်းတူဂျာက ''ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကိုဝေငှပြီးတော့ ပါတီ ခေါင်းဆောင်တွေရဲ့ သဘောထားရယူတာ အင် မတန်ကောင်းပါတယ်။ ပါတီတွေကလဲသဘော ထားတင်ပြကြတာတွေလဲ တော်တော်ကောင်း တယ်။ ကော်မရှင်အနေနဲ့ တချို့ပြန်စိစစ်ပြီး တော့ ပြင်ဆင်မယ့်သဘောရှိပါတယ်''ဟု သုံး သပ်ပြောကြားသည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာနောက် ဆုံးပတ်နှင့် ဒီဇင်ဘာပထမပတ်အတွင်း ကျင်းပ သွားရန်ရှိပြီး ကြားဖြတ်ရွေးကောက်ပွဲအတွေ့ အကြုံများဖြင့် ၂ဝ၁၅ရွေးကောက်ပွဲကို ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲ ဆန္ဒရှင်စာရင်းကို မြို့နယ်သုံးမြို့နယ်တွင် ကွန် ပျူတာရေးသွင်းခြင်းစနစ် စတင်ကျင့်သုံးသွား ရန်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အလုံမြို့ နယ်၊ ချင်းပြည်နယ်တွင် တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ်ရှိ ဝိုင်းမော်မြို့နယ်များ၌ စတင် ဆောင်ရွက်သွားရန်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
ACM Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment