0

ရဲလင်းထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၉)


ရန်ကုန်၊ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေးနှင့် ခရီးသွား ပြည်သူများအကြား ဆက်ဆံရေး အဆင်ပြေချောမွေ့စေရန် အတွက် အမျိုးသမီးယာဉ်နောက်လိုက်များကို ပုဂ္ဂလိကယာဉ် လိုင်းများတွင် ခန့်အပ်ထားရှိလာကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ် မှုဗဟိုကော်မတီမှ သိရသည်။

လက်ရှိတွင် ယာဉ်နောက်လိုက်လိုင်စင်ရရှိသူ ၁၁ ဦးအ နက် အမျိုးသမီးယာဉ်နောက်လိုက်ခုနစ်ဦးကို တရားဝင် ဝန် ထမ်းအဖြစ် ခန့်အပ်ပေးထားပြီး (၄၈)ယာဉ်လိုင်း၏ ကွန်ပျူတာ တက္ကသိုလ်-ဗိုလ်တထောင်ခရီးစဉ်ရှိ ယာဉ် ၁၃ စီးတွင် ခရီးသွား ပြည်သူများအတွက် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

မထသ(ဗဟို)မှ ဥက္ကဋ္ဌဦးလှအောင်က ''အရင်ကတည်း က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စမ်းသပ်တာဝန်ပေး တာတွေလုပ်ဖို့ ညွှန်ကြားထားပြီးသားပါ။ အခုလဲ တင်ပြဆောင် ရွက်ပေးနေပါတယ်။ အမျိုးသမီးယာဉ်နောက်လိုက်တွေ ခန့်အပ် လာနိုင်တော့ ခရီးသွားပြည်သူတွေနဲ့ ဆက်ဆံရေးပိုင်းတွေ ပို ကောင်းလာနိုင်သလို ပြည်သူလူထုပေးတဲ့ ဝန်ဆောင်ခအမှန် ကိုလဲ ယာဉ်ပိုင်ရှင်တွေ ခံစားရနိုင်ပါတယ်။ အလုပ်အကိုင်အ ခွင့်အလမ်းလဲ တိုးတက်လာတဲ့အတွက် ကန့်ကွက်ဖို့ မရှိပါ ဘူး။ အရင်ကလဲ အမျိုးသမီးယာဉ်နောက်လိုက်တွေ ရှိခဲ့ဖူးပါ တယ်''ဟု ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။

ပုဂ္ဂလိကယာဉ်လိုင်းများတွင် ခန့်အပ်ထားသည့် အမျိုး သမီးယာဉ်နောက်လိုက်များမှာ အသက်အငယ်ဆုံး၂ဝမှ အ ကြီးဆုံး ၄ဝ အထိရှိကြောင်း သိရသည်။

အမျိုးသမီးယာဉ်နောက်လိုက်များကို စတင်ခန့်အပ်လုပ် ကိုင်စေသည့် (၄၈)ယာဉ်လိုင်းမှ လုပ်ငန်းရှင် ကိုတရုတ်လေး က ''ဧပြီ၂၃ရက်ကတည်းက စပြီးစမ်းသပ်ပြေးဆွဲစေခဲ့ရာမှာ လုပ်ငန်းခွင်မှာ အဆင်ပြေသလို မြို့တွင်းခရီးသည်ဝန်ဆောင် မှုပေးရာမှာ ခရီးသည်တွေအတွက် ဆက်ဆံရေးကအစ အဆင် ပြေပါတယ်''ဟု ပြောသည်။

ACM Credit To:Yangon Media
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top